Episode - 14

2.1K 74 0
                                    

ကျွန်တော့်ရှေ့မှာတင် ပစ္စည်းအပြန်အလှန်စစ်ဆေးပြီး လဲယူနေကြတဲ့ Yunho နဲ့ တခြားအဖွဲ့ကလူတယောက်ကို ကျွန်တော်မမှိတ်မသုန် ရပ်ကြည့်နေမိတယ်....

နေရာက အလွန်ချောင်ကျတဲ့တောနက်ထဲက အိမ်ဟောင်းတခုထဲမှာ... Yunho က သူ့အိတ်ထဲမှာ ထည့်ယူလာတဲ့ ဘိန်းဖြူတွေကို စားပွဲခုံပေါ်တင်ကာ ဖွင့်ပြလိုက်တယ်... တဖက်လူက ဓားဦးချွန်လေးနဲ့ အိတ်တအိတ်ကိုအသာထိုးဖောက်ကာ အဖြူမှုန့်တချို့ကို ထုတ်ယူပြီးအနံ့ခံကြည့်တယ်... ပြီးတော့မှ စိတ်ကျေနပ်သလိုပြုံးကာ ခေါင်းတညိတ်ညိတ်နဲ့...

"ခင်ဗျားဘက်ကပစ္စည်းတွေက အမြဲတမ်းကိုအရည်အသွေး ပြည့်တာပဲ"

"ကျုပ်ကဘယ်သူမို့လို့လဲ... သမိုင်းတောက်လျှောက်လဲ နာမည်ပျက်မှမရှိခဲ့တာ"

Yunho က အေးစက်စက်လေသံနဲ့ ပြန်ဖြေလေတယ်... တဖက်လူက သူ့ရဲ့အိတ်ကိုဆွဲဖွင့်ကာ အစည်းလိုက်ချည်ထားသော ငွေစက္ကူတွေကိုပြတယ်... Yunho ကလဲ တချက်ယူကြည့်လိုက်ပြီးမှ ခေါင်းညိတ်ပြလေတယ်.... ကျွန်တော်ကျောက်ရုပ်တရုပ်လို သူတို့လုပ်နေသမျှကို ဘေးကနေပဲအံ့ဩစွာနဲ့ ရပ်ကြည့်နေမိတာ....

ကျွန်တော့်ရဲ့နုနယ်တဲ့မျက်နှာကို တခြားသူတွေတွေ့သွားမှာစိုးတာကြောင့် mask တပ်ထားတာကြောင့် သူတို့ကလဲ စိတ်ဝင်တစားနဲ့ ကျွန်တော့်ကိုမကြည့်ကြပါ.... အဲဒါထက် သူတို့စိတ်ဝင်စားတာက လဲလှယ်နေတဲ့ ပစ္စည်းတွေကိုသာ ဖြစ်နေတာကြောင့်လဲ ပါမှာပေါ့လေ...

"ဒါဆိုရင် နောက်မှပဲတွေ့ကြတာပေါ့... ခင်ဗျားနဲ့အချိန်အကြာကြီး အလုပ်တွဲလုပ်ချင်ပါတယ်"

"ခင်ဗျားဘက်က သစ္စာမဖောက်သရွေ့ပေါ့"

အချင်းချင်းအပြန်အလှန်နှုတ်ဆက်တာကလဲ ကြောက်စရာကောင်းလိုက်တာ... ကျွန်တော်သူတို့ကားတွေ အိမ်ရှေ့ကထွက်ခွာသွားတာကို ငေးကြည့်နေမိသေးတယ်... အခုထိကိုယ့်ကိုကိုယ် အိပ်မက်မက်နေတယ်လို့ ထင်နေမိတုန်းပါပဲ....

"Baby ဘာလို့ဒီတိုင်းတောင့်တောင့်ကြီး ရပ်နေတာလဲ...??"

သူကျွန်တော့်ပခုံးကိုလာဆုပ်ကိုင်တော့ ကျွန်တော်လန့်ကာ တုန်သွားသေးတယ်.... သူကဟက်ခနဲ ရယ်မောလိုက်ပြီး ကျွန်တော့်မျက်နှာပေါ်က mask ကို ဆွဲဖြုတ်လိုက်တယ်....

I Own You (Completed) Tahanan ng mga kuwento. Tumuklas ngayon