Episode - 21 (Final)

4.4K 140 5
                                    

"သားသားအဆင်ပြေပါ့မလားမသိဘူး...??"

စိုးရိမ်တကြီးပြောနေတဲ့ Boo ကို ကျွန်တော်လှည့်ကြည့်ရင်း ပြုံးလိုက်မိတယ်... သူလဲမသိတာမဟုတ် Yuchun က သားသားကိုဘယ်လောက်ချစ်တာ... သူနဲ့မို့လို့လဲ သားသားကိုခုလိုစိတ်ချလက်ချထားပြီး ကျွန်တော်တို့ရဲ့ ဒုတိယအကြိမ်ဟန်းနီးမွန်းကို ထွက်လာနိုင်တာပေါ့...

"Boo က စိတ်မချလို့လား...?? ပြန်ကြမလား..??"

ကျွန်တော်လှမ်းစလိုက်တော့ သူကျွန်တော့်ကို မျက်စောင်းထိုးကြည့်တယ်... အရင်ကကျွန်တော့်ကို ကြောက်တတ်တဲ့  Boo က ခုတော့လဲ နွဲ့ဆိုးဆိုးတတ်နေပါပြီ... ဒုက္ခတွေကိုအတူတူခံစားပြီးနောက် ကျွန်တော်တို့၂ယောက်ရဲ့ ချစ်ခြင်းတွေကပိုမိုခိုင်မြဲသွားလေပြီ...

အခုကျွန်တော့်မှာ ပိုင်ဆိုင်မှုအနည်းငယ်သာ ရှိတော့ပေမယ့်လဲ Boo ကတော့ စိတ်ပျက်သွားတာမျိုး မရှိခဲ့ပါလေ... သူကတောင် ကျွန်တော့်ကိုရှာကျွေးဦးမယ်ဆိုပဲ... အမှန်က ကျွန်တော့်အနေနဲ့ Yuchun ရဲ့ ကုမ္မဏီမှာ အချိန်မရွေးအလုပ်ဝင်လုပ်လို့ရပါတယ်... အရင်က ဟန်ပြသာအလုပ်လုပ်သော်လဲ ဒီကုမ္မဏီအလုပ်က ကျွန်တော်နဲ့တော့ သိပ်စိမ်းသက်မနေပါ... ခုတောင် Yuchun ဆီကနေ လစာ၃လစာကြိုထုတ်လာပြီး Boo နဲ့အတူတူ ဟန်းနီးမွန်းထွက်လာတာလေ... ကားလဲမရှိတော့ပြီမို့ အဝေးပြေးဘတ်စ်ကားကိုသာ စီးနေရသော်ငြားလဲ Boo က ဘေးမှာပါနေတော့ ကျွန်တော့်အတွက် လုံလောက်ပြည့်စုံနေပါပြီ...

"Yeobo နဲ့ခုလိုမျိုးပြန်ဆုံရတာ အိပ်မက်ကျနေတာပဲ"

ကျွန်တော့်ပခုံးပေါ်ခေါင်းလေးလာမှီတာကြောင့် သူ့ဆံပင်လေးတွေကို ကျွန်တော်လှမ်းနမ်းလိုက်တယ်... ကျွန်တော့်အတွက်လဲ အိပ်မက်လိုပါပဲ... သူ့လိုသစ္စာရှိတဲ့ချစ်သူမျိုးကို ရထားတာကတော့ ကျွန်တော့်အတွက် အကောင်းဆုံးဆုလာဒ်ပါပဲ...

"နောက်ဆိုကိုယ်တို့မခွဲရတော့ဘူးလေ... ဘာပြဿနာပဲဖြစ်နေနေ အတူတူဖြေရှင်းကြတာပေါ့"

ကျွန်တော့်စကားကြောင့် သူခေါင်းညိတ်ပြတယ်... ပြီးတော့မှ ကျွန်တော့်ပခုံးပေါ်မှီအိပ်နေရာမှ ရုတ်တရတ်ခေါင်းထောင်လာကာ ကျွန်တော့်မေးဖျားကို လာနမ်းတယ်လေ... ဒီကလေးကတော့ ကျွန်တော့်ကိုအသည်းယားအောင် လုပ်နေပြန်ပါပြီ... နေပါဦး တည်းခိုမယ့်နေရာရောက်တော့မှ ပညာပြရမယ်...

I Own You (Completed) Where stories live. Discover now