Episode - 20

2.4K 81 1
                                    

"Jung Yunho ဧည့်သည်လာတယ်"

အချုပ်စောင့်က အကြောင်းလာကြားတာကြောင့် ကျွန်တော်အပြင်သို့ ထွက်လာလိုက်တယ်... တပါတ်တခါတော့ Yuchun က လာလာတွေ့နေကျကိုး... လာတိုင်းလဲ စားစရာတချို့သယ်လာပြီး အစောင့်တွေကိုပေးတာကြောင့် သူ့ကိုတောင် ဒီကလူတွေက ခင်မင်နေကြပါပြီ...

အပြင်ဧည့်သည်နဲ့စကားပြောဖို့ ခြားထားတဲ့မှန်ချပ်နားကို ရောက်လာတဲ့အချိန်မှာတော့ ကျွန်တော်ရုတ်တရတ် အံ့ဩတုန်လှုပ်သွားရတယ်... Yuchun ရဲ့ဘေးမှာ မျက်ရည်ဝိုင်းတဲ့မျက်ဝန်းလေးတွေနဲ့ ကျွန်တော့်ကိုငေးကြည့်နေတဲ့ ကျွန်တော့်ရဲ့ Boo လေး...

"Boo ဘယ်လိုဖြစ်ပြီး...???"

ကျွန်တော်မေးပြီးတော့မှ သတိရကာ Yuchun ကို ဖျတ်ခနဲလှမ်းကြည့်လိုက်တယ်... သူမပြောရင် Boo က ကျွန်တော့်ကို ထောင်ကျနေမှန်းဘယ်လိုသိမလဲ..

"ငါမဟုတ်ဘူး.. Junsu ပြောလိုက်တာ"

သိသင့်တယ် Park Yuchun ဆိုတာ ဘယ်တော့မှ Junsu ကို မလွန်ဆန်နိုင်ဘူးဆိုတာ... ဒါပေမယ့် သူ့ကိုလဲကျွန်တော်အပြစ်မတင်နိုင်ပါ... ကျွန်တော့်ကို အကြည့်မလွှဲပဲ လိုက်ငေးနေတဲ့ Boo ကိုသာ လွမ်းဆွတ်တသစွာနဲ့ ပြန်ကြည့်လိုက်တယ်... ကလေးတယောက်ကို မွေးဖွားပြီးတာတောင် Boo က ချောမောလှပနေဆဲ... မျက်နှာလေးတွေတောင် အရင်ကထက် ပိုပြည့်လာသလိုပင်...

"Yeobo ရယ်... ဘာလို့ကျွန်တော့်ကို မပြောမဆိုနဲ့ ထွက်သွားတာလဲ... ကျွန်တော်ဘယ်လောက်တောင်မှ လွမ်းနေရလဲသိလား...??"

စကားပြောတဲ့ခုံမှာဝင်ထိုင်ရင်းပြောတဲ့သူ့ကြောင့် Yuchun ကလဲ အလိုက်တသိပင် အပြင်သို့ထွက်သွားတော့တယ်.... ချစ်သူနဲ့ကိုယ့်ကြားမှာ မှန်တချပ်ခြားနေတာကို ဘယ်လိုမှအားမရနိုင်... ဖြစ်နိုင်ရင်သူ့ကို ကျွန်တော်ပွေ့ဖက်ထားချင်မိတာပါ... သူ့ရဲ့အထိအတွေ့ အငွေ့အသက်လေးတွေကို ဘယ်လောက်တောင် လွမ်းနေခဲ့ရလဲ...

"ကိုယ်လဲလွမ်းတာပေါ့ကွာ... မင်းကိုယ့်ကိုစိတ်နာသွားပြီတောင် ထင်နေမိတာ"

"ဟင့်အင်း... ကျွန်တော်ကဘာလို့ Yun ကို စိတ်နာရမှာလဲ.. ကွာရှင်းစာချုပ်မှာတောင် လက်မှတ်မထိုးခဲ့တာကို... Yun အဲ့မိန်းမကိုစိတ်ကုန်တဲ့နေ့ ကျွန်တော့်ဆီကို ပြန်လာမှာပဲလို့ မျှော်လင့်နေမိတာ"

I Own You (Completed) Where stories live. Discover now