Episode - 19

2.1K 85 1
                                    

"ကဲ တော်ပြီ Yuchun ရာ... မင်းအခုသာငါ့ရှေ့မှာ လာညည်းပြနေတာ... ပြီးရင် Suuie က တချက်ဖုန်းခေါ်ပြီးချွဲလိုက်တာနဲ့ ပြန်ပါသွားမှာမလား...??"

"Yunho မင်းဟာလေ နည်းနည်းလေးတောင် ရင်ဖွင့်လို့မရဘူးလား... ငါ့မှာလဲရင်းရင်းနှီးနိှီး ရင်ဖွင့်တိုင်ပင်စရာဆိုလို့ မင်းတယောက်ပဲရှိတာကို"

အမြဲတမ်းခုလိုစကားတွေနဲ့ ကိုင်ချုပ်ထားပြီး သူ့ချစ်သူနဲ့အဆင်မပြေတိုင်း နားညီးလာအောင် လာရင်ဖွင့်တတ်တဲ့ ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း Park Yuchun... အသက်ချင်းကွာတဲ့ချစ်သူကို ရထားတာကြောင့် သူ့မှာသဲသဲလှုပ် ဂရုစိုက်တတ်ပေမယ့် သူ့ချစ်သူကတော့ ကလေးဆန်လွန်းကာ သူ့ဘက်ကိုငဲ့မကြည့်တတ်ခဲ့...

"ငါသာဆိုရင်လေ အဲလိုလာလုပ်လို့ကတော့ မှတ်လောက်သားလောက်အောင် ရိုက်နှက်ပစ်မှာ"

ကျွန်တော့်စကားကြောင့် Yuchun ပါးစပ်အဟောင်းသား ဖြစ်သွားလေတယ်... ငယ်စဉ်ကတည်းက မနူးညံ့တတ်တဲ့ ကျွန်တော့်အတွက်တော့ အချစ်ဆိုတဲ့အရာနဲ့ သိပ်အဆင်မပြေချင်ပါ...

"Jung Yunho မင်းကတကယ့်ကို အသည်းနှလုံးမရှိတဲ့ကောင်... ဒါကလဲမင်းမချစ်တတ်သေးလို့ပါ... ချစ်တတ်လာတဲ့အချိန်ဆိုရင် ငါ့ကိုမင်းကိုယ်ချင်းစာတတ်လာမယ်"

Yuchun စကားကို ကျွန်တော်ဘာမှပြန်ပြောမနေတော့ပဲ ပခုံးတချက်သာ တွန့်ပြလိုက်တယ်... မှန်ပါတယ် ကျွန်တော်မချစ်တတ်သေးဘူးထင်တယ်... ပြတ်သွားတဲ့ ကျွန်တော့်ရည်းစားအတွက်လဲ ပူဆွေးသောကရောက်နေတာမျိုးရှိမနေပါ... သူမကိုယ်တိုင်ကလဲ အေးတိအေးစက်နိုင်လွန်းတဲ့ ကျွန်တော့်ကိုပစ်ပြီး တခြားတယောက်ကို တွဲသွားတာပဲလေ...

အယောင်ပြစီးပွားရေးလုပ်ငန်းနဲ့ နောက်ကွယ်မှာ ဘိန်းဖြူရောင်းဝယ်မှုတွေ လုပ်နေတဲ့ကျွန်တော့်အတွက် နူးညံ့သိမ်မွေ့ခြင်းဆိုတာက အစတောင်ရှာမရတဲ့အရာ... သူမနဲ့တွဲဖြစ်တာကလဲ ဘိန်းရာဇာတယောက်ဖြစ်တဲ့ သူမအဖေကြောင့်လဲ ပါတာပေါ့လေ... အတူတူလက်တွဲအလုပ်လုပ်ရင်း သမီးကိုပါထိုးကျွေးခဲ့တဲ့ သူမရဲ့အဖေ... သာမန်မိန်းကလေးနဲ့မတူပဲ နူးညံ့မှုသိပ်မရှိတဲ့ ခပ်ဟော့ဟော့ပုံစံနဲ့သူမကိုလဲ ထိုစဉ်ကတော့ ကျွန်တော်သဘောကျခဲ့တယ်ထင်တယ်... တကယ်တမ်း၂ယောက်ကြားမှာ အချစ်ဆိုတာမရှိတာကြောင့် သိပ်မကြာခင်မှာပဲ ပြတ်စဲသွားပေမယ့် ကျွန်တော်နောင်တရမနေပါ...

I Own You (Completed) Where stories live. Discover now