Episode - 12

2.6K 88 0
                                    

ဒီနေ့ Yunho က ကျွန်တော့်ကိုအပြင်ခေါ်သွားမယ်တဲ့... စီးပွားရေးလုပ်ငန်းတခုကို ဟန်ပြလုပ်နေတဲ့ Yunho က ဧည့်ခံပွဲတခုကို တက်စရာရှိတာကြောင့် ကျွန်တော့်ကိုပါ သူ့ပါတနာအဖြစ် ခေါ်သွားမယ်လို့ ပြောတယ်...

ဒီ့ထပ်ပိုပျော်စရာကောင်းတာက ညကျမှလုပ်မယ့်ဧည့်ခံပွဲကို ကျွန်တော်တို့က နေ့လည်လောက်တည်းက အိမ်ကနေထွက်ပြီး အရင်လျှောက်လည်ကြမှာတဲ့လေ... အပြင်မထွက်ရတာ အတော်လေးကြာပြီဖြစ်တဲ့ ကျွန်တော့်အတွက်ကတော့ ပျော်စရာသတင်းကောင်းပါပဲ...

ခက်တာက Yunho တယောက် မနက်အစောကြီးတည်းက အဝတ်အစားအသစ် သွားစီစဉ်မယ်ဆိုပြီး ထွက်သွားတာ အခုထိပြန်မလာသေးပေ... နေ့လည်တောင်ရောက်တော့မယ် ကျွန်တော်တောင် ဗိုက်နည်းနည်းဆာနေလေပြီ...

ဒီတိုင်းဆိုရင်မဖြစ်သေးပါဘူး... Yunho ပြန်မလာခင် ကျွန်တော်တခုခုစားထားမှပါ... အတွေးနဲ့အတူ အခန်းထဲကနေထွက်ပြီး အိမ်အောက်ထပ်ကို အမြန်ဆင်းလာခဲ့လိုက်တယ်... Arjuma ကတော့ သူ့တာဝန်ရှိတဲ့အတိုင်း ထမင်းဟင်းချက်နေလေတယ်...

"Arjuma ဗိုက်ဆာလို့ ဘာစားစရာရှိလဲ...??"

ကျွန်တော့်အသံကြားတာနဲ့ Arjuma က အလုပ်လုပ်နေရာကနေ လှည့်ကြည့်လာတယ်... ကျွန်တော်နဲ့ရွယ်တူ သားတယောက်ရှိတဲ့ Arjuma က ကျွန်တော့်ကိုလဲ သားအရင်းလိုချစ်ရှာပါတယ်...

"Joongie လေး ဘာစားချင်လို့လဲ...??
Arjuma လုပ်ပေးမယ်လေ"

"ရတယ် ဘာဖြစ်ဖြစ်"

ကျွန်တော်ထမင်းစားပွဲခုံမှာ ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်မေးထောက်ရင်း Arjuma လုပ်ကိုင်နေတာကို ကြည့်နေလိုက်တယ်... သိပ်တော့မကြာလိုက် ကျွန်တော်အဆာပြေစားဖို့ Cheese cake လေး တပိုင်း လာချပေးတယ်... ပြီးတော့သောက်ဖို့ fresh juice တခွက်ရောပေါ့...

"Joongie လေး ခုတလော တော်တော်စားနိုင်လာတယ်"

Arjuma စကားကြောင့် ကျွန်တော်ရှက်ကိုးရှက်ကန်းနဲ့ သွားဖြီးကာရယ်ပြလိုက်တယ်... ဟုတ်လဲဟုတ်တယ် ကျွန်တော်ဒီရက်ပိုင်း ခဏခဏကို ဆာနေတာ.. ကိုယ်ဝန်ရှိနေတာတော့ မဟုတ်လောက်ပါဘူးနော်... ပြောမယ့်သာပြောတာ ကိုယ်ဝန်ရှိရင် ဘယ်လိုလက္ခဏာပြမယ်ဆိုတာ ကျွန်တော်လဲမသိပဲနဲ့...

I Own You (Completed) Where stories live. Discover now