Episode - 15

2.1K 75 2
                                    

အိပ်ယာထက်မှာ ကျွန်တော်တိတ်ဆိတ်စွာလှဲလျောင်းနေရင်း လက်မောင်းတဖက်မှာ စူးခနဲနာကျင်မှုက တိုးဝင်လာတယ်...

လှည့်မကြည့်ပဲသိလိုက်တယ်... ဒါကဂယောင်ခြောက်ချားဖြစ်နေတဲ့ ကျွန်တော့်အတွက် စိတ်ငြိမ်ဆေးထိုးပေးလိုက်တာဆိုတာ... မနေ့ကပြန်ရောက်ရောက်ချင်းမှာ တလုံးထိုးပြီးပြီလေ... ကြာရင်ဆေးလွန်မှာတောင် စိုးရိမ်ရတယ်...

"Boo မင်းဘာမှမဖြစ်ဘူး အိပ်လိုက်တော့နော်"

ကျွန်တော့်ပါးတဖက်ကို Yunho လာနမ်းလိုက်ပြီးနောက် ကျွန်တော်လဲတဖြည်းဖြည်းနဲ့ မျက်ခွံတွေစင်းကျလာခဲ့တယ်... ကျွန်တော့်အတွက် ထိတ်လန့်စရာအဖြစ်အပျက်ကြီးက အိပ်မက်ဆိုးသဖွယ် တဖြည်းဖြည်းနဲ့ ကွယ်ပျောက်သွားသလိုပင်... ဟုတ်တယ် အိပ်မက်ဆိုးဖြစ်နေရင် ဘယ်လောက်ကောင်းလိုက်မလဲ..

အိပ်ပျော်နေရင်း ကျွန်တော်အိပ်မက်တခုမက်တယ်... သူရယ်ကျွန်တော်ရယ်က လူတွေကင်းဝေးတဲ့ လှပတဲ့ဥယျာဉ်ကြီးတခုထဲက အိမ်သေးသေးလေးထဲမှာ အတူနေကြသတဲ့... ကျွန်တော်တို့်တင်ဘယ်ကမလဲ ကျွန်တော်တို့ရဲ့သားလေးကပါ ပါသေးတယ်...

သားလေးကလေ Yunho လိုပဲ ခြေတံလက်တံရှည်ပြီး ကြီးလာရင်အရပ်ရှည်မယ့်ပုံပါ... သွက်လက်ထက်မြက်တာကလဲ Yunho အတိုင်းပါပဲ... ဒါပေမယ့် မျက်နှာလေးကျတော့ ကျွန်တော်နဲ့ဆင်တဲ့အတွက် မိန်းမချောလေး ချောနေပြန်တယ်လေ... အထူးသဖြင့် လှပလွန်းတဲ့မျက်လုံးတွေပေါ့... အိုး... ကျွန်တော့်သားလေးက ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်သလဲ...

"Appa Umma လာခဲ့လေ"

ပန်းဥယျာဉ်ထဲမှာ ပတ်ပြေးနေတဲ့သူလေးကို ကျွန်တော်နဲ့ Yunho လိုက်ဖမ်းရတော့တယ်... ပန်းပင်တွေကြားသူက ပုန်းနေပေမယ့် ကျွန်တော်တို့သိပ်မကြာခင်မှာပင် သူ့ကိုမိသွားတော့တယ်...

"မိပြီကွ... ဘယ်ရမလဲ Hahaha"

Yunho က သားကိုချီရင်း လေထဲမှာမွှေ့ယမ်းလိုက်တယ်... သားရဲ့သဘောကျစွာ တခစ်ခစ်ရယ်သံလေးက ကျွန်တော့်အတွက် နားဝင်ချိုလွန်းလှတယ်... ဘယ်လောက်ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးလဲ... ကျွန်တော်လိုချင်တဲ့ပုံစံမျိုး ကွက်တိပါပဲ...

I Own You (Completed) Where stories live. Discover now