Episode - 6

3.6K 147 0
                                    

"Jiji ရေ... လာ လာ ဒီကို မီ..မီ..မီ"

"ညောင်....!!"

ကျွန်တော့် Jiji လေးက ခုဆိုတနေ့တခြား ချစ်ဖို့ကောင်းလာတယ်... နေကောင်းသွားပြီးနောက် အစားလဲစားလာနိုင်တော့ အရင်လိုပိန်လှီလှီလေး မဟုတ်တော့ပေ...

ကျွန်တော့်ကိုလဲအရင်ကထက်ပိုပြီး ချွဲတတ်လာတယ်... ကျွန်တော်ဘယ်သွားသွား အနောက်ကနေလိုက်တယ်... ပြီးတော့ပွတ်သီးပွတ်သပ်ကလဲလုပ်သေး... တခါတလေ ကျွန်တော်နဲ့ Yunho ကြား ဝင်အိပ်တတ်သေးလို့ Yunho ရဲ့ အမြင်မကြည်မှုတွေကိုလဲ ရတတ်သေးတယ်...

"မင်းလေးကတော့လေ တနေ့တခြား ကြောင်ချွဲလေးကိုဖြစ်လို့ပါလား"

Jiji ရဲ့အမွှေးနုနုလေးတွေနဲ့ကိုယ်လေးကို ပွတ်သပ်ပေးရင်း ကျွန်တော်ပြောတာကို သူကနားလည်တဲ့အလား တညောင်ညောင်နဲ့ အသံပေးနေသေးတယ်... သူ့ကြောင့်ပဲ ကျွန်တော့်မှာပျင်းရတယ်လို့ကို မရှိပါဘူး...

အိပ်ယာပေါ်ပစ်တင်ထားတဲ့ ကျွန်တော့်ဖုန်းလေးရဲ့ မြည်လာသံကြောင့် Jiji ကိုပွေ့ချီထားရက်နဲ့ပင် အိပ်ယာပေါ်ဒိုင်ပင်ပစ်ပြီး ဖုန်းကိုလှမ်းယူလိုက်ရတယ်... နံပါတ်ကြည့်စရာမလို ဒီဖုန်းကိုခေါ်ဆိုသူက Yunho တယောက်တည်းသာ...

"Baby လေး ဘာလုပ်နေလဲ...??"

"Jiji နဲ့ကစားနေတယ်"

ကျွန်တော့်အသံကရွှင်မြူးနေပုံ အနည်းငယ်ပေါက်နေတာကို တဖက်က Yunho လဲ သတိထားမိပုံပါပဲ... သူ့ရဲ့ရယ်သံတိုးဖွဖွကို ကြားလိုက်ရလေတယ်... သူနဲ့ဖုန်းပြောတိုင်း အကြောင်းအရာတွေထပ်နေသည့်တိုင် ဘယ်တော့မှရိုးမသွားခဲ့ပါ...

"ညနေကျရင်ကိုယ်တို့အပြင်သွားကြမလား"

"Omo..Jinja..?? ကျွန်တော်အပြင်ထွက်လို့ရပြီလား"

ကျွန်တော်အိပ်ယာပေါ်လှဲအိပ်ရင်း ဖုန်းပြောနေရာမှ ဆတ်ခနဲတောင် ထထိုင်လိုက်မိတယ်... ကျွန်တော်အိမ်တွင်းပုန်းဖြစ်နေတာ ဘယ်လောက်ကြာနေပြီလဲ... အခုတကယ်ပဲ အပြင်ထွက်ရမှာလား.. သူနောက်နေတာတော့ မဟုတ်ဘူးမလား...

"ပျော်သွားတာလား...?? အင်း...အပြင်ကို လျှောက်လည်ကြမယ်လေ... အဝေးကြီးတော့မဟုတ်ဘူး... Baby အတွက် အဝတ်အစားဝယ်ပေးမယ်.. အပြန်ကျရင်မုန့်လျှောက်စားကြမယ်"

I Own You (Completed) Where stories live. Discover now