F R I E N D - 1

12K 674 40
                                    

Zawgyi

ခမ်းနားထည်ဝါသော အိမ်ကြီးရှေ့ နောက်ဆုံးပေါ်ကားတစ်စီးထိုးရပ်သည်။

"ဥက္ကဌ Jeon  Company သွားဖို့ ကားအဆင်သင့်ဖြစ်နေပါပြီ"

အိမ်ထဲမှ သူဌေးဖြစ်သူအား အဆင့်သင့်ဖြစ်ပြီဖြစ်ကြောင်း အသိပေး၏။

"လာပြီ အတွင်းရေးမှူး Kim.....အော် ဒါနဲ့"

Mr.Jeon ရှေ့ကနေသွားနေရင်းမှ ​နောက်က သူ့ဘက်ပြန်လှည့်လာတော့ အတွင်းရေးမှူး Kim မှာ ချက်ချင်းပင်..

"ဟုတ်ကဲ့ ဥက္ကဌကြီး"

"အတွင်းရေးမှူး Kim ရဲ့ အမျိုးသမီး မွေးခါနီးဖွားခါနီးမလား"

"ဟုတ်ပါတယ် ဥက္ကဌကြီး ကျွန်တော့အမျိုးသမီးရဲ့ Due date က နောက်နှစ်လထဲမှာပါ"

"ဟေ...ဒါဆို ငါ့အမျိုးသမီးနဲ့ တူတူပေါ့"

"ဟုတ်ပါတယ် ဥက္ကဌကြီး"

"မင်းကဒီမှာ အမြဲတမ်းနေတော့ မင်းအမျိုးသမီးနားမှာ ဘယ်သူနေပေးတုန်း"

"ကျွန်တော်တို့နှစ်ယောက်လုံးက ဆွေးမျိုးသားချင်းမရှိကြတော့ အိမ်နီးနားချင်းတွေက ဂရုစိုက်ပေးရှာပါတယ်"

ထိုသို့ဆိုတော့ ဥက္ကဌကြီးမှာ တစ်စုံတစ်ခုအားစဉ်းစားနေတော့၏။

"အင်းးး...တစ်ခုခုဖြစ်ရင် အဆင်ပြေသွားအောင် ဒီမှာအတူတူခေါ်နေလိုက်ပါလား အတွင်းရေးမှူး Kim... မွေးခါနီးဖွားခါနီးဆိုတော့ အဆင်ပြေအောင်ပေါ့ မင်းလဲ ပြန်လို့မရမယ့်အတူတူလေ"

"ဗျာ...တ..တကယ်ပြောတာလား ဥက္ကဌကြီး ကျေးဇူးတင်ပါတယ်"

"ရပါတယ်ကွာ...နောက်က မင်းနေတဲ့ တိုက်မှာခေါ်ထားလိုက်လေ ပျင်းရင်တော့ ငါ့အမျိုးသမီးဆီ အချိန်မရွေးလာနေလို့ရတာဘဲ မဟုတ်ဘူးလား ကိုယ်ဝန်ဆောင်အချင်းချင်းဆိုတော့ အဖော်ရတာပေါ့ကွာ"

"ဟုတ်ကဲ့ ဥက္ကဌကြီး"

အတွင်းရေးမှူး Kim မှာ ပျော်လို့မဆုံး ဖြစ်နေချေပြီ။
ဥက္ကဌကြီး Jeon ဟာ ချမ်းသာသလောက် အရမ်း
သဘောကောင်းတဲ့ လူတစ်ယောက်...
သူ ဥက္ကဌကြီးဆီမှာ အလုပ်လုပ်လာတာ နှစ်ပေါင်းမနည်းတော့ချေ။
သူက ဥက္ကဌကြီးရဲ့ လူယုံဆိုလဲဟုတ်သည်။
သူ သူ့နားမှာမထားနိုင်တဲ့ ကိုယ်ဝန်ဆောင်ထားတဲ့ ရောဂါသည်သူ့အမျိုးသမီးအတွက် စိတ်ပူနေတာကိုသိသော ဥက္ကဌကြီးက သူ မပြောတာနှင့်ကို သိနေသည်။
သူ့အပေါ် ဥက္ကဌကြီးရဲ့ ကျေးဇူးတွေများနေချေပြီ။
ကျေးဇူးတင်ပါတယ် ဥက္ကဌကြီးလို့သာ သူ့စိတ်ထဲ အကြိမ်ကြိမ်ပြောနေမိတော့၏။

F . R . I . E . N . D  [COMPLETED]Waar verhalen tot leven komen. Ontdek het nu