F R I E N D - 9

4K 459 54
                                    

[ Zawgyi ]

"သား...Jin လေး...အန်တီတို့နဲ့ ဘာလို့ ထမင်းလာမစားတာလဲ"

ည (၈) နာရီထိုးတဲ့အချိန်ထိ Jung Kook သူ့ကိုစိတ်ဆိုးနေတာကြောင့် သူမသွားချင်။

"ရပါတယ် အန်တီ...ကျွန်တော် ဗိုက်မဆာလို့"

"လာပါကွယ်...အန်တီရော..Kook ရော သားကိုစောင့်နေတာ"

ခါတိုင်းဆို Kookie အမြဲလာခေါ်နေကျပါ။ ခုတော့အန်တီကိုယ်တိုင် လာခေါ်တော့ သူလိုက်ရတော့မည်။
Jung Kook သူ့ကို တကယ်စိတ်ဆိုးနေတာပဲ။

သူနဲ့အန်တီ ထမင်းစားခန်းထဲရောက်သွားတော့ ထမင်းစားပွဲမှာထိုင်ရင်း ပါးစောင်ကိုလျှာနဲ့ထိုးပြီး စိုက်ကြည့်နေသော Jung Kook ကိုတွေ့လိုက်ရသည်။
ဒီအကျင့်ဟာ Jung Kook စိတ်မကြည်ရင် ဒေါသထွက်နေရင် လုပ်တတ်သော အကျင့်....

"ကြာလိုက်တာ Mommy ရာ
ဘာလို့မဆိုင်တဲ့လူကို အတင်းသွားခေါ်နေရတာလဲ"

မဆိုင်တဲ့လူတဲ့လား Kookie ရယ်

"ဟော....လုပ်ပြီ သားတို့နှစ်ယောက် ရန်ဖြစ်ထားကြပြန်ပြီလား...ပြီးရင် မခေါ်နိုင်တာလဲ မဟုတ်ဘဲနဲ့"

"မဖြစ်ပါဘူး...ဘာဆိုင်လို့ဖြစ်ရမှာလဲ....
ကျွန်တော်က ကိုယ့်ကိုဘောင်မသွင်းတဲ့လူကို မပေါင်းဘူး"

"တောင်းပန်ပါတယ် အန်တီ"

"ကဲ...ထိုင်တော့ ပြီးမှ နှစ်ယောက်ဖြေရှင်းကြတော့"

Seok Jin လဲ ထမင်းစားပွဲဝိုင်းလေးမှာ ဝင်ထိုင်လိုက်သည်။

"Kookie..."

ထမင်းစားနေရင်းမှ Jung Kook ထမင်းခပ်ထားတဲ့ ဇွန်းလေးပေါ်ကို အသားလေးတစ်ဖတ်တင်ပေးလိုက်တော့ သူ့ကိုတစ်ချက်သာစိုက်ကြည့်လာပြီး ဇွန်းပေါ်က ထမင်းရောဟင်းရောကို အောက်က အမှိုက်ပုံးထဲပစ်ထည့်လိုက်သော Jung Kook ကြောင့် သူ့စိတ်ထဲ တကယ်ဝမ်းနည်းသွားရသည်။

"တော်ပြီ...စားချင်စိတ်မရှိတော့ဘူး...စားလို့လဲ မဝင်တော့ဘူး...စိတ်ကုန်တယ် တကယ်ဘဲ"

Jung Kook ပြောပြီးတာနဲ့ ထမင်းစားခုံပေါ်က ဝုန်းခနဲမြည်အောင် ထထွက်သွား၏။

"Jin လေး ဆက်စားနှင့်နော်...
အန်တီပြန်လာခဲ့မယ်...ဒီကောင်လေးဘာတွေဖြစ်နေလဲ မသိဘူး"

F . R . I . E . N . D  [COMPLETED]Where stories live. Discover now