F R I E N D - 5

4.1K 484 62
                                    

Zawgyi

ဒီနေ့ Jung Kook က ကြင်ဖက်သွားတွေ့နေ၍ Seok Jin အိမ်မှာ သူတစ်ယောက်ထဲပျင်းလို့ဆိုပြီး အပြင်ထွက်လာသည်။
သူ့ Appa ကိုခေါ်တော့လည်း နားချင်တယ်ဆိုလို့ သူတစ်ယောက်ထဲသာ စက်ဘီးလေးတစ်စီးနဲ့ ထွက်ခဲ့တော့၏။

Market တစ်ခုရှေ့ရောက်တော့ ဝယ်စရာလေးရှိလို့ သူအထဲဝင်သွားလိုက်သည်
အထဲရောက်တော့ မုန့်တန်းလေးမှာ Jung Kook ကြိုက်တဲ့မုန့်လေးကိုမြင်တော့ သူယူဖို့လုပ်လိုက်သည်
မုန့်လေးက တစ်ထုပ်ထဲသာ ကျန်တော့၏။

သူမုန့်ထုပ်လေးကိုယူလိုက်တဲ့အချိန်မှာ သူ့လက်ပေါ်ကျရောက်လာတဲ့ လက်တစ်စုံ..
တစ်ထုပ်ထဲရှိတော့တဲ့မုန့်ထုပ်ကို နှစ်ယောက်ပြိုင်လုရမည့်အဖြစ်ပင်။
ဒါပေမယ့် သူ့လက်ကအောက်ကဆိုတော့ သူအရင်ရမှာမလား
သူ့လက်ကို ချက်ချင်းထုတ်လိုက်ပြီး တစ်ဖက်လူကိုရန်တွေ့ဖို့ မော့အကြည့်

"ဟင်......."

"Sorry.....ဒီမုန့်လေး ကျွန်တော်အရမ်းလိုချင်လို့ပါ
မုန့်ကတစ်ထုပ်ထဲကျန်တော့တာ ဆိုတော့ ဘယ်လိုလုပ်မလဲဟင်"

"Kim Tae Hyung....."

ဟုတ်တယ် သူကြိတ်ပြီး သဘောကျနေရတဲ့ Kim Tae Hyung ကျောင်းထဲက သဘောကျခဲ့တာပေါ့
သူကတော့ ကိုယ့်ကို သိပုံပင်မပေါ်ပါ
Kim Tae Hyung ကိုသဘောကျနေတယ်ဆိုတာလဲ Jung Kook သိလို့မဖြစ် သိသွားရင် ပြဿနာတက်နိုင်သည်။
အကြောင်းက Jung Kook နဲ့ Tae Hyung မှာ ကမ္ဘာ့ရန်ဘက်တွေပင်
ကျောင်းတုန်းထဲက ဘာမဆို အပြိုင်လိုချင်ကြတဲ့နှစ်ယောက်ပင်
ဘာမဟုတ်တာလေးကို တစ်ယောက်နဲ့ တစ်ယောက် လိုက်ပြိုင်နေကြတာမဟုတ်လား

ဟိုတလောကတောင် ကောင်မလေးတစ်ယောက်ကို နှစ်ယောက်ပြိုင်လိုက်တယ်လို့ Jung Kook ဆီက ကြားမိသေးသည်
နောက်ဆုံးတော့ ကောင်မလေးက Jung Kook ဘက်ပါလာသည်တဲ့

Jung Kook မှာသူ့ကို ကျေနပ်သလိုလေးပြောနေပေမယ့် သူ့ရင်ထဲမှာတော့ မပျော်ရွှင်နိုင်
Tae Hyung ဆိုတာသူချစ်ရသူပဲမလား

"ကိုယ့်နာမည်ကိုသိနေတာလား.....ဒါနဲ့ မင်းကိုမြင်ဖူးနေသလိုပဲ ဘယ်မှာမြင်ဖူးတာပါလိမ့်"

Tae Hyung အသံကြားမှ သူအတွေးတွေထဲက ရုန်းထွက်လာမိသည်

"Kim Seok Jin ပါ ကျောင်းတူတယ်လေ မင်းနဲ့"

F . R . I . E . N . D  [COMPLETED]Where stories live. Discover now