F R I E N D - 12

4.2K 493 127
                                    

[ ZAWGYI ]

ဆေးရုံးရှေ့ ကားရပ်လိုက်တာနဲ့ပြေးဆင်းသွားသော Seok Jin နောက်ကို Tae Hyung ကားပါကင်တောင်မထိုးနိုင်ဘဲ ပြေးလိုက်ရပြန်သည်။

"ဟို...car accident နဲ့ရောက်လာတဲ့ လူနာ Kim Woo Bin နဲ့ Jeon Jae Goo ရဲ့မိသားစုပါ"

"အာ...ဟုတ်ကဲ့ လူနာ Jeon Jae Goo ကအခြေအနေမစိုးရိမ်ရတာမို့ VIP အခန်းထဲမှာ နားနေပါတယ်...လူနာ Kim Woo Bin ကတော့မောင်းသူနေရာကဖြစ်တာမို့ စိုးရိမ်ရပါတယ်..Jeon Jae Goo ရဲ့ခွင့်ပြုချက်နဲ့ ခွဲစိတ်ခန်းထဲမှာပါရှင့်"

ပြီးတာနဲ့ သူတို့နှစ်ယောက်လုံး Operation room ရှေ့ကို ပြေးရသည်။
သူတို့နှစ်ယောက် တော်တော်ကြာထိုင်စောင့်နေရင်းမှ တစ်ကိုယ်လုံး ပတ်တီးပေါင်းများစွာနဲ့ ဥက္ကဌ Jeon က ဘေးက Nurse အကူအညီနဲ့အတူ သူတို့နားကိုရောက်လာတော့ Seok Jin မတ်တပ်ထရပ်လိုက်သည်။

"ဥက္ကဌကြီး သက်သာရဲ့လား....
အဆင်ရောပြေရဲ့လား...ဘယ်နေရာက နာနေသေးလဲဟမ်"

သူ့ကို တရစပ်မေးနေတဲ့ Seok Jin ကိုကြည့်ပြီး Mr.Jeon မှာသနားလို့မဆုံး....
ဘာလို့ ဒီလိုစိတ်ထားဖြူစင်တဲ့ကလေးဆီကိုမှ ဒီလိုအဖြစ်ဆိုးကြီးက ရောက်လာရတာလဲ....

သူတို့ car accident က တော်တော်ပြင်းထန်သည်။
သူကတော့ ကားနောက်ခန်းကမို့ ထင်သလောက် ဒဏ်ရာမရခဲ့...
အတွင်းရေးမှူး Kim ကတော့ မောင်းသူနေရာကမို့ ပိုဆိုးသည်။
အိမ်အပြန်လမ်းမှာ ကားကအရှိန်မထိန်းနိုင်ဘဲ မှောက်ရင်း အရှေ့ကကားမှန်ကိုခွဲပြီး ကျွံကျသည်အထိ....
အတွင်းရေးမှူး Kim မျက်နှာတစ်ခုလုံးလဲ မှန်ကွဲစတွေနဲ့ မြင်မကောင်း.....
သူပဲ ဆေးရုံကိုဖုန်းဆက်ခဲ့တာ...
ဆေးရုံကားသံကြားတာနဲ့ သူလဲ သတိလစ်မေ့မြောခဲ့တာ..
သတိရလာတာနဲ့ ဘေးမှာရှိတဲ့ Nurse ကိုမေးတော့ အကြောင်းစုံသိရတာနဲ့ ခွဲခန်းဝင်ဖို့ အုပ်ထိန်းသူလက်မှတ်ထိုးပေးခဲ့၏။
ခဏအနားယူပြီး
သူရောက်လာတော့ Seok Jin ကိုတွေ့ရလေသည်။

Seok Jin စကားကို ပြန်ဖြေမလို့လုပ်နေတုန်း..
အပြေးတစ်ပိုင်းရောက်လာသော Mrs.Jeon

"ရှင်..ရှင်ဘာဖြစ်သွားသေးလဲ...ဟင် ဘယ်လိုဖြစ်တာလဲ..ကျွန်မဘယ်လောက်စိတ်ပူလိုက်ရလဲ"

F . R . I . E . N . D  [COMPLETED]Where stories live. Discover now