F R I E N D - 11

4.1K 486 56
                                    

[ ZAWGYI ]

နေရောင်ရေးရေးလေးက ပိတ်ထားတဲ့ပြတင်းပေါက်
တံခါးနဲ့လိုက်ကာကိုကျော်ပြီး မျက်နှာနုနုပေါ်
လာဟပ်နေတာကြောင့် Tae Hyung မျက်လုံးမပွင့်တပွင့်နဲ့ နိုးလာရသည်။

မျက်လုံးဖွင့်ဖွင့်ချင်းမြင်မိတာက သူ့ရင်ခွင်ထဲမှာ သူ့ကိုကျောပေးအိပ်နေတဲ့ အချစ်ရဆုံးလူသားလေး...
သူ့မနက်ခင်းတိုင်းကို ဒီလိုလေးအမြဲဖြစ်ချင်လိုက်တာ...

စောင်အောက်ထဲက Seok Jin ခါးပေါ်က သူ့လက်တစ်ဖက်အား ပိုတင်းကျပ်စေရင်း ခေါင်းလေးအနည်းငယ်ကြွပြီး သူမြင်ရတဲ့ပါးဖောင်းဖောင်းလေးတစ်ဖက်ပေါ်ကို သူ့ပါးလေးအပ်ထားလိုက်သည်။

သူ့အပြုအမူကြောင့် အိပ်မောကျနေသော Seok Jin ဟာ လှုပ်လှုပ်ရွရွဖြစ်လာပြီး သူ့ဘက်လှည့်လာသည်။
လှုပ်ရွလာပေမယ့် မျက်လုံးကတော့ တစ်စက်လေးတောင် ပွင့်မလာသော အကောင်ပေါက်လေး..

သူ့ခါးကိုပြန်ဖက်တွယ်ရင်း ခေါင်းအုံးနဲ့သူ့ခေါင်းကြား လွတ်နေသော နေရာလပ်လေးထဲ ခေါင်းလေးတိုးဝင်လာသော ပေါက်စလေးကြောင့် အပြုံးလှလှတို့က မဖိတ်ခေါ်ဘဲနဲ့ ရောက်လာသေးသည်။

သူဘာလို့ ဒီကောင်လေးကို စောစောမတွေ့ခဲ့ရတာလဲ..
Jung Kook နဲ့အမြဲပြိုင်နေပေမယ့် ဘေးနားအမြဲ
ရှိရှိနေတဲ့ Seok Jin ကိုသူလုံးဝသတိမပြုမိခဲ့....
အခုလဲ Jung Kook ကိုအနိုင်လိုချင်လို့ ချဉ်းကပ်ခဲ့တာ ဒီလောက်ထိချစ်သွားလိမ့်မယ်လို့လဲ သူမထင်ခဲ့ချေ...

ရူးတော့မယ်...မင်းကြောင့် ရူးမတတ်ဘဲ....

Seok Jin ခေါင်းအုံးထားတဲ့ သူ့လက်လေးက ဆံပင်လေးတွေကို ပွတ်သပ်ပေးနေရင်း အခန်းလေးထဲ ဘေးဘီဝဲယာကို အမှတ်မထင်ကြည့်လိုက်မိတော့ ကုတင်ဘေး စားပွဲပုလေးပေါ်က ဓာတ်ပုံလေးနှစ်ပုံ..

နှစ်ပုံအနက် တစ်ပုံထဲမှ Seok Jin ပုခုံးအားဖက်ပြီး ဓာတ်ပုံထဲ နေရာယူထားသော Jung Kook ကို မနာလိုဖြစ်မိသေးသည်။
Jeon Jung Kook နဲ့ဓာတ်ပုံလေးဟာ ငယ်ငယ်တုန်းကပုံလေးနဲ့ယခုလက်ရှိပုံလေးကိုမှ ဆက်ထားပြီး ဘောင်လေးတစ်ခုထဲထားထားသော ပုံလေး...

F . R . I . E . N . D  [COMPLETED]Where stories live. Discover now