F R I E N D - 3

4.6K 529 36
                                    

Zawgyi

နှစ်တွေ တစ်နှစ်ပြီးတစ်နှစ်ပြောင်းလာတာ ခုဆို သူတို့နှစ်ယောက် ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲတောင် ရောက်တော့မည်။

Seok Jin..သူကတော့ ကျောင်းတုန်းက တစ်ယောက်ကိုသာ သဘောကျခဲ့ပြီး
Jung Kook..သူကတော့မတူ
Playboy လေးတစ်ယောက်ဖြစ်လို့နေလေသည်။
ဒါပေမယ့် သူ တစ်ယောက်ကို ဘယ်လောက်မှကြာကြာမတွဲ..

"Jinnie...ငါတို့ စက်ဘီးပတ်စီးရအောင် အပြင်လျှောက်သွားကြရအောင်ကွာ အိမ်မှာနေရတာပျင်းလာပြီ"

"ပျင်းရင် Se Young နဲ့ Date ပေါ့ကွ"

"ပျက်သွားပြီ သူနဲ့"

"ဟင် မင်းတို့တွဲတာ တစ်လတောင်မပြည့်သေးဘူးလေ"

"ဟုတ်တယ်လေ"

"ဘာလဲ ဒီတစ်ခါလဲ ငါ့ကြောင့်ပဲလား"

"ဒါပေါ့ သူတို့က မင်းကိုစော်ကားတာကိုး အဲ့ဒါနဲ့ ငါလဲစောက်မြင်ကပ်လို့ဖျက်ပလိုက်တာ
ဘာမဟုတ်တာတွေကို လိုက်ပြီး သဝန်တိုနေကြတာ"

Seok Jin ဆိုဖာပေါ် ထိုင်နေရင်းကနေ စားပွဲကိုမှီပြီး ကော်ဖီသောက်နေတဲ့ Jung Kook နားသွားလိုက်သည်။

"Kookie..ဖြစ်နိုင်ရင် သူတို့နဲ့ပတ်သက်ပြီး မင်းငါ့ကို သိပ်ပြီးအရေးမပေးစမ်းပါနဲ့.. ခုမင်းရည်းစားတွေကို မင်းတကယ်မချစ်လို့ မခံစားရပေမယ့် မင်းတကယ်ချစ်တဲ့သူနဲ့တွေ့ရင် မင်းဒုက္ခရောက်လိမ့်မယ် မင်းခံစားရလိမ့်မယ် Kookie..."

"ခက်တာဘဲ Seok Jin ရာ.. ငါကသူတို့နဲ့မတွေ့ခင်ထဲက မင်းနဲ့ညီအစ်ကိုလို နေလာတဲ့သူပါကွ သူတို့ကိုက ဘာမဟုတ်တာကို လိုက်ပြီး သဝန်ကြောင်နေကြတာ ငါတို့ရိုးသားတာ ငါတို့သိရင်ပြီးရောပေါ့"

"ငါက ပြောပြတာပါ မင်းခံစားရမှာစိုးလို့"

Seok Jin သူစိုးရိမ်တာတော့ အမှန်ပင်..။
အမြဲတမ်းသူ့ကို အရေးပေးလွန်းလို့ ရည်းစားတွေက တစ်ယောက်ပြီး တစ်ယောက်ဖြတ်သွားခြင်း..

"ငါသိပါတယ်ကွာ ခုတော့ အပြင်လစ်ရအောင် လာပါကွာ မင်းကလဲ....နော်....နော်"

Seok Jin သူမလိုက်ဘူး ငြင်းနေပေမယ့် Jung Kook ဆွဲခေါ်ရာကြောင့် ခြံပြင်ရောက်နေချေပြီ။

F . R . I . E . N . D  [COMPLETED]Wo Geschichten leben. Entdecke jetzt