F R I E N D - 16

4.3K 485 97
                                    

[ ZAWGYI ]

(၆) လခန့်ကြာသော်.......

"Yah..မင်းဘာလို့ ငါ့ Seokie ကိုတွန်းရတာလဲ"

မူကြိုကျောင်းတစ်ခုမှာ ရန်ပွဲအသေးစားလေး
ဖြစ်နေကြသော (၆) နှစ်အရွယ် ကောင်လေး (၅) ယောက်

ပါးနှစ်ဖက်မှာ ပါးချိုင့်လေးတွေထင်းခနဲပေါ်နေတဲ့ ကောင်လေးက ငိုနေတဲ့ကောင်လေးလက်ကို တွဲပြီး ကာကွယ်ရင်း ကျန်တဲ့ကောင်လေး (၃) ယောက်အား ရန်တွေ့နေလေသည်။

"Joonie...ဘာဖြစ်နေတာလဲ"

ထိုကလေးကိုလာကြိုတဲ့ ပိန်ပိန်သွယ်သွယ်ကောင်လေးတစ်ယောက်က ခေါ်လာတာကြောင့် Nam Joon လှည့်ကြည့်လိုက်သည်။

"ကိုကို Jin...ဒီမှာလေ သူတို့က Seokie ကို အနိုင်ကျင့်တယ်...အဲ့ဒါကြောင့် သားရန်တွေ့နေတာ....
Seokie ကဘာမှမလုပ်ဘူးချည်းပဲပြောနေတယ် ကိုကို.."

"ဟုတ်လား Hobi...ကိုကို့ကို အမှန်အတိုင်းပြောနော်..အဲ့ဒါမှ ကိုကိုက Hobi ကို ကာကွယ်ပေးလို့ရမှာပေါ့"

"သူ..သူတို့က သားကိုအနိုင်ကျင့်တယ်...
သားကို မိဘမဲ့လို့လဲ ပြောတယ်...ပြီးတော့ ရိုက်တယ် တွန်းလဲတွန်းတယ်"

"ဟုတ်လား...ဒီမှာ ကလေးတို့ ဘာလို့ သူများရဲ့အားနည်းချက်ကို အဲ့လိုအပြစ်ပြောရတာလဲ...
အဲ့ဒါမကောင်းဘူးလေ....နောက်တစ်ခါ အဲ့လိုမလုပ်ရဘူးနော်....လိမ္မာတယ်မလား မင်းတို့က..."

"ဟုတ်ကဲ့ ကိုကို...သားတို့နောက်တစ်ခါ မလုပ်တော့ပါဘူး"

"ကိုယ့်စကားကိုယ်တည်ရမယ်နော်...ကိုကို့ ကို ကတိပေး"

"ဟုတ်ကဲ့...သားတို့ ကတိပေးပါတယ် ကိုကို"

"ဟုတ်ပြီ သားတို့မိဘတွေလာ
မကြိုသေးဘူးလား....ဟော ဟိုမှာလာပြီပဲ....ဒါဆို ကိုကိုတို့ပြန်တော့မယ်နော်"

"ဟုတ်ကဲ့ ကိုကို...ကောင်းကောင်းပြန်ပါ"

ကလေးတွေက သူ့ကိုတော့ချစ်ကြသည်။
ဒီမူကြိုလေးကို လာနေကျဆိုတော့ အကုန်လုံးနဲ့လဲ ရင်းနှီးသည်။

"ကဲ...Hobi နဲ့ Joonie လဲလာတော့...
ကိုကိုတို့ပြန်ရအောင်...မင်းတို့ Papa ပြန်လာတော့မယ်"

F . R . I . E . N . D  [COMPLETED]Where stories live. Discover now