F R I E N D - 17

4.6K 483 151
                                    

[ ZAWGYI ]

ဝုန်း....💢💢

ခြံရှေ့က ဝုန်းဒိုင်းကြဲ အသံတွေကြောင့် အိမ်ထဲ မှင်သေသေရပ်ကျန်ခဲ့တဲ့ Tae Hyung နဲ့ Jimin မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အရှိန်နဲ့ ပြေးထွက်လာခဲ့တော့ မြင်လိုက်ရသည်က သွေးပျက်ဖွယ်။

နှစ်ယောက်လုံး သွေးအိုင်ထဲပြေးသွားပြီး Tae Hyung က Seok Jin ကိုပွေ့လိုက်သလို Jimin က Jung Kook ကို ပြေးပွေ့လိုက်သည်။

"Seok Jin..."

"Jung Kook..Arrnyiya..."

သူတို့နှစ်ယောက်လုံး မျက်ရည်တွေကျလျက်.... ဆေးရုံကားခေါ်ဖို့ပင် မေ့လျော့နေခဲ့ကြသည်။

"ဘာဖြစ်...."

အိမ်ထဲက Yoon Gi နဲ့အတူ သူတို့ရောက်ထဲက ကြောက်လို့ဆိုပြီး အခန်းထဲဝင်ပုန်းနေတဲ့ ကလေးနှစ်ယောက်ပါ ခြံရှေ့ထွက်လာခဲ့ကြသည်။

NJ , HS : ကိုကို....

သူ့လက်ကိုတစ်ဖက်တစ်ချက်စီဆွဲထားတဲ့ ကလေးနှစ်ယောက်က လဲကျနေတဲ့ Seok Jin ဆီအမြန်ပြေးသွားသည်။
Yoon Gi ချက်ချင်းပင် ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး ဆေးရုံကားကို ချက်ချင်းခေါ်လိုက်သည်။

"Kook...မနောက်ပါနဲ့...ခ..ခဏလေး အားတင်းထားနော်....ဆေးရုံကားလာတော့မယ်"

"Seok Jin....ကျေးဇူးပြုပြီး.."

သူတို့နှစ်ယောက် ဘယ်လောက်ခေါ်ခေါ် ပြန်မနိုးထလာတော့တဲ့ ခန္တာကိုယ်လေးနှစ်ခု....
မကြာခင်မှာ ဆေးရုံကားသံတွေနဲ့အတူ ထိုတစ်လမ်းလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

ဆေးရုံရောက်သွားတာနဲ့ ဆရာဝန်ပြောလိုက်တဲ့စကားက သူတို့နှစ်ယောက်ကို မျှော်လင့်ချက်မဲ့စေ၏။

"အဆိုးဆုံးအခြေအနေကို မျှော်လင့်ထားစေချင်ပါတယ်"

.
.
.
.
.
.
.
.

Operation room ရှေ့မှာ သူတို့အကုန် ဂဏာမငြိမ်စွာ စောင့်နေမိသည်။
ဒူးနှစ်ဖက်ပေါ် တံတောင်နဲ့ ထောက်လိုက်ပြီး နဖူးနဲ့ ဆုပ်ကိုင်ထားတဲ့ လက်နှစ်ဖက်ကို ကပ်ပြီး သူတို့အကုန် ဆုတောင်းနေမိသည်။

"Papa...ကိုကိုတို့ ဘာမှမဖြစ်ဘူးမလားဟင်"

သူ့ဘေးမှာ ထိုင်နေတဲ့ Joonie ကမေးလာတာကြောင့် Yoon Gi သူဖြေမလို့ဘဲ ရှိသေး Hobi လေးက လူကြီးဆန်ဆန် ဝင်ဖြေလေသည်။

F . R . I . E . N . D  [COMPLETED]Where stories live. Discover now