F R I E N D - 18 ( Final )

8.5K 669 267
                                    

[ ZAWGYI ]

Jimin မင်္ဂလာပွဲဖျက်လိုက်လိုက်လို့ Jung Kook အရက်တွေသောက်လာတဲ့နေ့....
( ep 13 မှာ လျှိုခဲ့တာလေး....ဒါပေမယ့်လဲ အကုန်သိနေကြပါပြီ ဟုတ်တယ်မလား😁 )

"Yah...Jeon Jung Kook...
အဲ့လောက်တောင် သောက်လာရလား ခွေးကောင်ရဲ့"

"Jimin ah....တောင်းပန်ပါတယ်....
ကျေးဇူးပြုပြီး..ကိုယ့်ဆီပြန်လာခဲ့ပါ...အ့...."

မသောက်ဖူးတဲ့အရက်တွေ သောက်လာလို့ဆိုပြီး Seok Jin အမြင်ကပ်ကပ်နဲ့ သူတွဲခေါ်လာတဲ့ Jung Kook ကိုယ်အား ကုတင်ပေါ်အားနဲ့ ပစ်ချလိုက်တော့ အ့ ဆိုတဲ့အသံသာထွက်လာသည်။

သူအခန်းထဲကထွက်ဖို့ ခြေလှမ်းတွေပြင်တုန်း မြင်လိုက်ရတာက Jung Kook လက်က ဒဏ်ရာတွေ...
အသည်းမမာတဲ့ သူကပဲ ဆေးထည့်ပေးဖို့
ပြင်ရပြန်သည်လေ...

အခန်းပြင်ထွက်ပြီး ဆေးသေတ္တာလေးကို
အရင်ပြေးယူလိုက်ပြီးမှ ပြန်ဝင်လာခဲ့လိုက်သည်။
Jung Kook ဝတ်ထားတဲ့ အင်္ကျီလက်ရှည်ကို ခေါက်တင်ပေးလိုက်ပြီး ဆေးထည့်ပေးတော့ စပ်သွားလို့ထင်.....Jung Kook ဆီကအသံထွက်လာပြီး မျက်နှာက မျက်လုံးမပွင့်ဘဲ ရှုံ့မဲ့လာသည်။

"အ့...စပ်တယ်..."

ဆေးထည့်ပေးနေရင်းမှ Jung Kook နာကျင်နေရတာမြင်ရတော့ သူပါနာကျင်ပြီး ဝမ်းနည်းလာရပြန်သည်။

"Miyanae....ငါ့ကြောင့်....*sob*"

Jung Kook အင်္ကျီလေးကိုပြန်ဆွဲချလိုက်ပြီး ဆေးသေတ္တာလေးကို ဘေးခုံပေါ်တင်လိုက်ပြီးမှ စောင်ကိုသေချာလေးခြုံပေးလိုက်တော့ လည်တိုင်နားရောက်နေတဲ့ သူ့လက်ကိုဖမ်းဆွဲလာသော Jung Kook မှာ မျက်လုံးနှစ်လုံးပွင့်လာပြီး သူ့ကိုရီဝေဝေအကြည့်မျိုးနဲ့ကြည့်သည်။

သူ့ကိုသာကြည့်နေပေမယ့် ပါးစပ်ကထွက်လာတာက Jimin ဆိုတဲ့ နာမ်စားလေးသာ....
Jimin ကို အဲ့လောက်တောင် ချစ်တာလား Kookie...
စိတ်ချပါ Jimin ကိုငါကိုယ်တိုင် သွားရှင်းပြပေးမှာပါ....

"Jimin ah....မသွားပါနဲ့"

"Kookie...ငါပါ..."

သူ့လက်ကို ဆွဲထားတဲ့ Jung Kook လက်လေးကို အသာလေးဆွဲဖြုတ်ပြီး အခန်းထဲက ထွက်မလို့ပြင်တော့ ခါးကနေမှ ကုတင်ပေါ်ဆွဲချခံလိုက်ရပြီး သူ့ကိုအုပ်မိုးလာသော Jung Kook ကြောင့် လူကလန့်သွားရသည်။

F . R . I . E . N . D  [COMPLETED]Where stories live. Discover now