F R I E N D - 4

4.1K 503 32
                                    

Zawgyi

"Kook သား ဒီကို ခနလာဦး"

Jung Kook အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ Mr.Jeon လှမ်းခေါ်တာကြောင့် သူလဲ သွားဝင်ထိုင်လိုက်သည်။

"ဟုတ် Daddy ဘာဖြစ်လို့လဲ"

သူပြောလိုက်တော့ သူ့အဖေနဲ့အမေမှာ သူပြောငါပြောပုံစံဖြင့် တစ်ယောက်နဲ့တစ်ယောက် မျက်စပစ်ပြနေကြလေသည်။
Jung Kook သူလဲစိတ်မရှည်တော့သဖြင့်

"သားကို ဘာပြောဖို့လဲ တစ်ယောက်နဲ့တစ်ယောက် မျက်စပစ်နေကြတာ"

"ရှင်မပြောနဲ့တော့ ကျွန်မပဲပြောတော့မယ် တကထဲ ဒါလေးပြောဖို့ကို.....ဒီလို သားရေ"

သားအမိနှစ်ယောက်ကြားထဲ အငေါက်ခံလိုက်ရသဖြင့် Mr.Jeon မှာ မျက်နှာငယ်လေးဖြစ်သွားရသည်။
Company မှာသာ အကြီးအကဲမို့ အကုန်လုံးက သူ့ကိုကြောက်ကြပေမယ့် အိမ်ရောက်ရင်တော့ ဒီသားအမိနှစ်ယောက်ကို သူကပြန်ကြောက်ရသည်။

Jung Kook မှာ သူ့အမေအစချီလာတဲ့စကားကြောင့် စိတ်ဝင်တစားနားထောင်လို့နေလေသည်။

"သားမှာ ချစ်သူတွေဘာတွေရှိလား Kook"

"မရှိပါဘူး ဘာဖြစ်လို့လဲ Mommy"

သဘောကျနေတဲ့သူတော့ရှိတယ်

Jung Kook ဒီစကားကိုတော့ အပြင်ထုတ်မပြောဖြစ်လိုက်
ပြောရအောင်လဲ တစ်ခါထဲတွေ့ဖူးပြီး နာမည်ပင်မသိလိုက်သော သူဖြစ်နေလို့ ဘယ်သူဘယ်ဝါလိုပြောရမလဲ သူမသိချေ

"သားကို Omma တို့လူကြီးချင်း နေရာချပေးဖို့စီစဉ်ထားတယ် သား "

"ဗျာ....မဖြစ်ဘူး Mommy"

"ဘာဖြစ်လို့လဲ သား ချစ်သူမရှိဘူးဆို"

သူ့အဖေက ဝင်ပြောတော့

"မရှိတာမှန်တယ် Daddy သား လက်မထပ်ချင်သေးဘူး"

"Daddy တို့ သားကို မမွေးခင်ထဲက လက်ဆက်ပေးမယ်ဆိုပြီး ကတိပေးခဲ့လို့ သားကိုနေရာချပေးဖို့စီစဉ်နေရတာ..
Daddy တို့မျက်နှာမပျက်ချင်ဘူးနော်
ပြီးတော့ ဟိုဘက်က Daddy ရဲ့မိတ်ဆွေအရင်းကြီးတွေ..မကြာသေးခင်ကမှ သူတို့ ဒီကိုပြောင်းလာကြလို့ ပြန်ဆုံကြရတာ"

F . R . I . E . N . D  [COMPLETED]Where stories live. Discover now