F R I E N D - 7

4.2K 478 56
                                    

Zawgyi

Seok Jin လဲ Jung Kook အိမ်မှာ တစ်ယောက်ထဲ game ဆော့နေရင်းမှ အညောင်းပြေ လမ်းလျှောက်ထွက်လာခဲ့သည်။

"ဟေ့....."

"အား......Omma...."

Seok Jin ရောက်တတ်ရာရာတွေ လျှောက်တွေးနေတုန်း နောက်ကနေ ပုခုံးကိုလှုပ်ပြီး ခေါ်လိုက်တာကြောင့် လူက လန့်သွားရသည်။
သူ နောက်လှည့်ကြည့်လိုက်တော့

"Tae...Tae Hyung..."

"ဟား....ဟား...လန့်သွားတယ်မလား"

"မလန့်ပဲနေမလား...ဒါနဲ့ ဒီကိုဘာလာလုပ်တာလဲ"

သူ Tae Hyung ကို သေချာကြည့်လိုက်တော့
အားပါးပါး.....ချောရက်လိုက်တာ...တစ်ကိုယ်လုံး အနောက်တိုင်းဝတ်စုံအပြည့်ဝတ်ကာ သူ့ဆီကို ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထည့်ရင်း လမ်းလျှောက်လာတာကအစ သူ့ရင်ကို ခုန်စေသည်

ဒီနေ့မှ သူကလဲဝတ်လာတာက ရိုးရိုး shirt အဖြူနဲ့ ဒူးအထက် ဘောင်းဘီတိုလေးသာ ဒီကြားထဲ မျက်မှန်အဝိုင်းကတပ်ထားသေး

လမ်းမှာ crush နဲ့တွေ့ပြီဆို အမြဲတမ်းဒီလို ပေစုတ်စုတ်နဲ့သာ

"မင်းနဲ့ တွေ့ချင်လို့"

"ဟမ်...."

"ဟား...ဟား...စတာပါ....ကိုယ် Appa company မှာ CEO လွှဲပြောင်းပေးဖို့ သွားရာက အပြန် ဒီ coffee ဆိုင်လေးမှာ coffee ဝင်သောက်တာ"

Tae Hyung မှာ အရှေ့က coffee ဆိုင်လေးကို လက်ညှိုးထိုးပြရင်း သူ့ခေါင်းက ဆံပင်လေးတွေကို ဖွပြီးပြောလာတာကြောင့် သူ့ရင်ထဲမှာ ဗြောင်းဆန်နေချေပြီ။
Tae Hyung ဟာ သူ့ကို အကြိမ်ကြိမ်သတ်နိုင်သည်။

"အော်....ဒါဆို company CEO ကြီးဖြစ်တော့မှာပေါ့"

"မြှောက်မနေပါနဲ့ကွာ ကိုယ်က လွတ်လွတ်လပ်လပ် နေချင်သေးတာကို Appa ခိုင်းလို့သာ
သူခိုင်းတာမလုပ်ရင် မိန်းမပေးစားမယ်တဲ့လေ"

"ဟား....ဟား....မိန်းမပေးစားတာပဲ ယူလိုက်ပေါ့ ဘာခက်လို့လဲ"

"မယူချင်ပါဘူး ကိုယ်ချစ်တဲ့သူရှိပြီးသား"

Tae Hyung စကားကြောင့် ရယ်နေတဲ့ Seok Jin မျက်နှာလေး တိခနဲ ပျက်သွားခဲ့သည်၊

F . R . I . E . N . D  [COMPLETED]Where stories live. Discover now