F R I E N D - 13

4K 482 84
                                    

[ ZAWGYI ]

ဒီလိုနဲ့ အချိန်တွေတဖြည်းဖြည်းပြောင်းလဲလာခဲ့ချေပြီ....
Seok Jin အဖေဆုံးတာ တစ်လကျော်ကြာခဲ့ပြီ...
Seok Jin လဲ ပုံမှန်လူလို ပြန်ဖြစ်လာပြီလေ....

Jimin ကတော့ အခုထိ သူ့ဖုန်းကိုမကိုင်သလို...
အိမ်လိုက်သွားတော့လဲ သူ့ကိုထွက်မတွေ့ချေ....
မိဘတွေကိုအကူအညီတောင်းတာတောင် အဆင်မပြေ...
ဒီတစ်ခါတော့ ပြဿနာကတော်တော်ကြီးသည်။

Jimin ကိုဘယ်လိုချော့ရမလဲ စဉ်းစားနေတုန်း အခန်းတံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့ Seok Jin ဖြစ်နေသည်။

"Kookie...."

"Jinnie ဘာပြောစရာရှိလို့လဲ"

"ငါအခုတလော မင်းကိုသတိထားမိတယ်...
Jimin နဲ့သွားတွေ့တာလဲ ငါမတွေ့ဘူး...ဘာလို့လဲ အဆင်မပြေဘူးလား"

ကုတင်ပေါ်မှာထိုင်နေတဲ့သူ့နားကိုလာပြီး ကုတင်စွန်းလေးမှာ Seok Jin တင်ပလွဲထိုင်ရင်း ပြောသည်။

"ဘာမှမဖြစ်ပါဘူးကွာ...ဒီလိုပဲ relationship တစ်ခုမှာ စိတ်ဆိုးစိတ်ကောက်တာတော့ ရှိမှာပဲလေ"

အကြောင်းအရင်းကိုတော့ Jung Kook မပြောပြတော့ပါ...
တော်ကြာ သူ့ကြောင့်ဆိုပြီး သူ့ကိုယ်သူ အပြစ်တင်နေဦးမည်...

"ဒီတစ်ခါလဲ ငါ့ကြောင့်ပဲလား"

"မဟုတ်တာတွေကွာ..ဘာလို့မင်းကြောင့်ဖြစ်ရမှာလဲ"

"မဟုတ်ရင်လဲ ပြီးရော...ငါမင်းကိုပြောစရာရှိလို့"

"ပြောလေ..ဘာလဲ"

"ငါ ဒီကထွက်သွားတော့မယ်"

သူ့စကားကြောင့် ခုနက စပ်ဖြီးဖြီးမျက်နှာနဲ့ Jung Kook ဟာ ချက်ချင်းပင် တည်သွားပြီး ခပ်စူးစူးအကြည့်တို့က သူ့ဆီရောက်လာသည်။

"မင်းတို့ဆီမှာအလုပ်လုပ်တဲ့ Appa မှမရှိတော့တာ..ပြီးတော့ မင်းတို့အိမ်မှာ ငါကပ်မနေချင်တော့ဘူး Kookie...အဲ့ဒါကြောင့် ငါထွက်သွားတော့မယ်"

"Kim Seok Jin...မင်းရူးနေလား...မင်းမှာ ဘယ်ကဆွေမျိုးအိမ်တွေရှိလို့ ထွက်သွားမှာလဲ...
ဟမ်...ဖြေလေ...မင်းမှာ နေစရာရှိလို့လား"

F . R . I . E . N . D  [COMPLETED]Donde viven las historias. Descúbrelo ahora