F R I E N D - 6

4.1K 462 60
                                    

Zawgyi

"Kook ရေ....ဒီကို ခနလာဦး"

ဧည့်ခန်းထဲမှာ Seok Jin နဲ့ game ဆော့နေတုန်း မီဖိုခန်းထဲက Mrs.Jeon လှမ်းခေါ်တာကြောင့် game ဆော့ပျက်တယ်ဆိုပြီး စိတ်ညစ်ညစ်နဲ့ ပြန်ထူးလိုက်သည်။

"ဘာလို့လဲ Mommy ရာ ဒီမှာ Game ဆော့နေတာကို"

"Jimin တို့အိမ်ကို မုန့်သွားပို့ခိုင်းမလို့"

"ဗျာ...လာပြီ လာပြီ"

ချက်ချင်းပင် လေသံပြောင်းသွားပြီး မီးဖိုချောင်ထဲ ထပြေးသွားသော Jung Kook ကိုကြည့်ပြီး မနိုင်ဘူးဆိုတဲ့ သဘောနဲ့ Seok Jin မှာ ခေါင်းတခါခါဖြင့်သာ။

မုန့်ဘူးလေးယူပြီး Jung Kook ထွက်လာတော့

"Yah..ဘာထိုင်လုပ်နေတာလဲ သွားမယ်လေ"

"ငါက ဘာလိုက်လုပ်ရမှာလဲ မင်းဖာသာမင်း သွားစမ်းပါ"

"မင်းကလဲ လိုက်ခဲ့ပါဆိုကွာ"

"No..No Jeon Jung Kook ငါ့ကိုလာချွဲမနေနဲ့နော် ငါ Third wheel လိုက်မလုပ်နိုင်ဘူး"

"ဟွန့်..ဒါလေးခေါ်တာကို မလိုက်နဲ့ကွာ
အဲ့မှာ သေပြီး ကျန်ခဲ့"

"Blah.....Blah...."

Jung Kook လဲ မလိုက်ချင်တဲ့သူကို ခေါ်မနေတော့ဘဲ စက်ဘီးလေးယူပြီးသာ ထွက်ခဲ့တော့သည်။

Jimin တို့အိမ်ရောက်တော့

Ting.....Tong.....

သူ့ကို တံခါးလာဖွင့်ပေးသော အိမ်ဖော်ကောင်မလေးတစ်ယောက်။
သူလဲ အိမ်ထဲဝင်လိုက်တော့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ Mr.Park ကိုတွေ့ရသည်။

"ဟော....သား Jung Kook ပါလား"

"ဟုတ်ပါတယ် အန်ကယ်....Mommy က မုန့်ပို့ခိုင်းလိုက်လို့ပါ"

"အားနာစရာကြီးကွယ် ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါဦး"

အိမ်ပေါ်ထပ်ကနေ ဆင်းလာသော Mrs.Park ရောက်လာတော့ သူ့လက်ထဲက မုန့်ဘူးကို လှမ်းပေးလိုက်သည်

"မိန်းမရေ....မင်းသားကို နှိုးဦးလေကွာ....ထားလိုက်ပါတော့...
သား Jung Kook အန်ကယ်တို့က ခု အပြင်သွားရမှာ နောက်တောင်ကျနေပြီ
သား Jimin နဲ့စကားပြောသွားဦးလေ"

F . R . I . E . N . D  [COMPLETED]Where stories live. Discover now