F R I E N D - 15

4.1K 487 84
                                    

[ ZAWGYI ]

Jung Kook သူ့မျက်နှာပေါ် ယားကျိကျိ
ဖြစ်လာတာကြောင့် မျက်လုံးလေးပွင့်လာခဲ့သည်။
မျက်လုံးလေးမပွင့်တပွင့်နဲ့ကြည့်လိုက်တော့ ကုတင်ပေါ်တင်ပလွဲထိုင်ပြီး သူ့နှာခေါင်းပေါ် လက်ညှိုးသေးသေးလေးနဲ့ လာစနေသော Jimin..

ပထမတော့ သူ့မျက်နှာလေးပြုံးပျော်သွားပေမယ့် တခဏချင်း ပြန်ပြီးညှိုးငယ်သွားသည်။
သူ အိပ်မက်မက်နေတာပဲ...
အိပ်မက်ကနေမနိုးထချင်တာကြောင့် မျက်လုံးကိုအတင်းပြန်မှိတ်လိုက်သည်။

"မထသေးဘူးလား...ဘာလို့ပြန်အိပ်နေတာလဲ"

ပြီးမှ ကြားလိုက်ရတဲ့ ခပ်စူးစူးအသံလေး...
အိပ်မက်ထဲထိတောင် အသံလေးက နားထောင်ကောင်းနေရော....

"Yah...မထရင် ငါပြန်တော့မှာနော်....အဲ့မှာ ဆက်အိပ်နေလိုက်တော့"

သူ့နှာခေါင်းကို ဆွဲလိမ်ပြီး ပြောလာတာကြောင့် အသားနာသွားမှ အိပ်မက်မဟုတ်မှန်း သူသိလိုက်သည်။

"Ji...Jimin ?? အိပ်မက်မဟုတ်ဘူးလား... တကယ်ကြီးလား"

"ဆက်အိပ်နေလေ...ဘာလို့ထလာတာလဲ"

"တ...တကယ်ကြီးလား"

"အား...နာတယ်ဟ"

တကယ်ကြီးလားဆိုပြီး သူ့ပါးဖောင်းဖောင်းလေး ကိုလာဆွဲလိမ်တာကြောင့် Jimin ထအော်မိသည်။

"Jimin ah...ဘယ်လိုဖြစ်ပြီး ဒီကို..."

ပြောလဲပြော သူ့ကိုယ်လေးကို အတင်းဆွဲယူပြီး သိမ်းကျုံးဖက်လာတာကြောင့် လူက အသက်ရှုပါကျပ်သွားရသည်အထိ....

"ဘာလဲ လာလို့မရဘူးလား...
ကိုယ့်သတို့သားလောင်းအိမ်တောင် လာလို့မရဘူးလား ပြော"

"ဟင်...ဒါ..ဒါဆို မင်္ဂလာပွဲက..."

"မင်းကြောင့်မဟုတ်ပါဘူးနော်...Seok Jin ကြောင့်...."

Seok Jin ကြောင့်ဆိုတာလဲကြားရော သူ့ရင်ခွင်ထဲက Jimin ကိုဆွဲထုတ်ပြီး မေးလိုက်သည်။
Jimin ပုခုံးလေးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း

"Seok Jin ?? Wae ??"

"မနေ့က သူငါ့ဆီရောက်လာတယ်....မင်းကြောင့်
နဲ့ငါ့ကို ဒူးပါထောက်ခဲ့တာ...မင်းတို့နှစ်ယောက်ရဲ့ သံယောဇဉ်ကို ငါမလေးစားပဲမနေနိုင်ဘူး Kook...သူက အရမ်းသနားဖို့ကောင်းတာပဲ...ပြီးတော့ ပြောသေးတယ် သူထွက်သွားပေးပါမယ်တဲ့...ငါမနည်းတား......
Jung....Jung Kook..."

F . R . I . E . N . D  [COMPLETED]Where stories live. Discover now