❤ ကိုကိုရဲ့ကလေးငယ် ၃ ❤

73.3K 6.3K 520
                                    

ဒီမနက် ဦးမောင်အေး ရှိနေတာမို့ ဂျူးဂျူးတို့အားလုံး လူစုံတတ်ဆုံ မနက်စာစားနေကြသည် ။

ဦးမောင်အေး ဦးဆောင်တဲ့ထမင်းစားဝိုင်းဟာ ခါတိုင်းထက်ပိုပြီးတိတ်ဆိတ်နေသည် ။

ဦးမောင်အေး က မျက်နှာမကောင်းသလို ဒေါ်ယုလွှာ လဲ မျက်နှာအပျက်ပျက်နဲ့စားနေသည် ။

အကြောင်းက ... လက်ရှိ ဦးမောင်အေးတို့ Company က တာဝန်ယူထားတဲ့ ဆောက်လုပ်ရေးဆိုက်ထဲတွင် ဆောက်လက်စအထပ်ပြိုကျတာကြောင့် အလုပ်သမား ၁၀ ယောက်နီးပါး ထိခိုက်ဒဏ်ရာရကာ သေလုမတတ်ဖြစ်နေသည် ။

ထိုဒဏ်ရာရတဲ့အလုပ်သမားတွေရဲ့ဆေးဖိုးဝါးခအပြင် တခြားတာဝန်ယူစရာအများစုသည် ဦးမောင်အေးခေါင်းပေါ်ပုံရတဲ့အပြင် .... ဦးမောင်အေးတို့ Company လျှို့ဝှက်ချက်တစ်ချို့လဲ ပေါက်ကြားသွားတာကြောင့် အခုဆို Company ဟာ အဆိုးဆိုးအခြေနေကိုရောက်ရှိနေပြီ ။

ဒါတွေကိုသိတဲ့ ဒေါ်ယုလွှာ သည် သူမမျှော်မှန်းထားသလို အခြေနေမျိုးကနေ အောက်ခြေကိုပြန်ဆင်းရတော့မှာမို့ စိတ်ပျက်နေသလို ..... ဦးမောင်အေးသည်လဲ သူ့တာဝန်တွေနဲ့ ခေါင်းရှုတ်ကာ စိတ်ညစ်နေသည် ။

ဂျူးဂျူး သည် ဖခင်ဖြစ်သူရဲ့မျက်နှာမကောင်းတာမြင်ရတော့စိတ်မကောင်းဖြစ်နေသည် .... ။

လရိပ်နွေး နဲ့ လင်းသန့်စင် ကတော့ ဦးမောက်အေးရဲ့လက်ရှိအခြေနေပျက်ရင် ကိုယ်လွတ်ရုန်းရန် မနေ့ညကတည်းက မိခင်ဖြစ်သူကိုတိုက်တွန်းနေသည် ။

ခြောက်ကပ်တဲ့မနက်စာစားဝိုင်းပြီးသည်နှင့် ဦးမောင်အေးသည် အဝတ်စား ၅ စုံထည့်ထားတဲ့အိတ်ကိုယူကာ .... ။

" ဒီရက်ပိုင်း ငါ Company မှာပဲနေဖြစ်မယ် မင်းကလေးတွေကိုသေချာစောင့်ရှောက်နော် ... အကြောင်းတစ်ခုခုရှိရင် ငါ့ဆီဖုန်းဆက်လိုက် "

ဦးမောင်အေးပြောလိုက်တော့ ဒေါ်ယုလွှာသည် ဂျူးဂျူးလေး ပုခုံးကိုဖက်ကာ ... ။

" စိတ်ချပါ ကျွန်မသေချာဂရုစိုက်ပါမယ် ရှင်လဲ Company မှာ အစားသောက်ဂရုစိုက်နော် "

"အင်း ... ဂျူးဂျူး မင်းအမေစကားကိုနားထောင်နော် "

" ဟုတ် ဖေဖေ ... "

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now