❤ ကိုကိုရဲ့ကလေးငယ် ၂၃ ❤

99.1K 6.8K 745
                                    

နွေ မိုး ဆောင်း ရာသီကူးပြောင်းလာသလို ..နောက်တစ်ပတ်နေရင် ကလေးငယ် အသက် 18 နှစ်ပြည့်မွေးနေ့လေးတောင်ရောက်လာတော့မယ် ။

ဇိုင်း သည် သူအရမ်းမျော်လင့်တောင့်တခဲ့ရတဲ့နေ့ရက်လေးရောက်လာသည့်တိုင် ကာယကံရှင်လေးကြောင့် အရမ်းစိတ်လှုပ်ရှားနေရသည် ။ အရင် ၁၇ နှစ်ပြည့်မွေးနေ့လေးထဲ ဇိုင်း သည် နောက်ထပ်ရောက်လာမယ့် ၁၈ နှစ်အတွက် အရာအားလုံးကြိုတင်ပြင်ဆင်နေခဲ့ပြီးပြီလေ ။

ထို့အတူ ကလေးငယ်ရဲ့ ကျောင်းသားဘဝတစ်စိတ်တပိုင်းလဲပြီးဆုံးသွားခဲ့ပြီ ။
ကျောင်းပညာရေးနဲ့ပက်သတ်လို့ ပြန်လှည့်ကြည့်စရာမရှိတဲ့ ကလေးလေး သည် ပညာရေးနဲ့ပက်သတ်ရင်ထူးချွန်တဲ့ကျောင်းသားကောင်းတစ်ယောက်ပင်ဖြစ်သည် ။

ဇိုင်း နဲ့နေလာခဲ့စဉ်တလျှောက် အရာရာတိုင်းက အဆင်ပြေပြေနဲ့ပြီးဆုံးခဲ့ပြီး ဇိုင်း နဲ့ ဂျူးလေး ရဲ့ပျော်ရွင်စရာနေ့ရက်လေးတွေဟာလဲ ကြည်နူးမှု့အပြည့်နှင့်ပင် ။

အထက်တန်းနှစ်ဝက်ထိကျောင်းတတ်ပြီးတဲ့ ကလေးငယ်သည် သူ့ ကျောင်းပိတ်ရက်ကို ဇိုင်း နဲ့အတူအိမ်မှာအချိန်ဖြန်းသည် .. ဒါ့အပြင် ဇိုင်း Company သွားသည့်အချိန်တွေဆို အိမ်မှာ မထားခဲ့ချင်တာကြောင့် Company ကို ခေါ်လာတတ်သည် ။

ကလေးငယ် က အမြဲတမ်းလိုလို Company ကို လိုက်လာပါများတော့ ကြာတော့ Company နဲ့ အိမ်ဟာ မသဲကွဲဖြစ်လာရသည်အထိပင် ။

Company က ဝန်ထမ်းတစ်ချို့သည်လဲ ဂျူးလေး ကိုဆိုရင် ဇိုင်းရဲ့သက်ဆိုင်သူမှန်းအကုန်လုံးကသိနေပြီမို့ ဘာအမှားမှမလုပ်ရဲပေ ။ နဂိုလူချစ်လူခင်ပေါများတဲ့ ဂျူးလေး သည်လဲ အခုအခါမှာ Company မှာရှိတဲ့ ဝန်ထမ်းတွေရဲ့ချစ်ခင်မှု့ကိုရယူထားသည် ။

ဇိုင်း သည် အခုလိုမျိုးလေး ကလေးငယ် နဲ့အတူ ပျော်ရွင်အေးဆေးပြီး အနှောက်ယှက်ကင်းတဲ့ဘဝလေးကိုတန်ဖိုးထားသည် .. အတ္တကြီးတယ်ဆိုဦးတော့ ကလေးငယ် ရဲ့လွတ်လပ်ခွင့်နဲ့အချိန်အားလုံးကို ဇိုင်း နဲ့အတူ ကုန်ဆုံးပြီးပျော်ရွင်နေတာပဲ မြင်သည် ။

တစ်ခါတလေကျတော့လည်း ဇိုင်း သည် အိပ်မောကျနေတဲ့ကလေးငယ် ကို ကြည့်ကာ သူ့အတွေးတွေ သူ့အတ္တတွေမှားနေပြီလား လို့တွေးမိပေမယ့် ... နောက်တစ်နေ့မနက်မှာ ဇိုင်း အနားနေရယုံနဲ့ ပျော်ရွင်နေတဲ့ ကလေးငယ်ကိုတွေ့ရတော့ ဇိုင်း အတ္တဟာ ကလေးငယ်ရဲ့ပျော်ရွင်မှု့ဖြစ်နေမှန်းသိလာရသည် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now