❤ ကိုကိုရဲ့ကလေးငယ် ၂၉ ❤🚨

129K 7K 1.1K
                                    

July 31 ဒီနေ့လေးက ဂျူးလေးမွေးနေ့ ။

ဟိုအရင် ဖေဖေ တို့နဲ့နေတုန်းက ဂျူးလေးမွေးနေ့ဟာ ဘာမှမထူးခြားတဲ့ပုံမှန်နေ့လေးတစ်နေ့ဖြစ်ပေမယ့် ကိုကိုကြီးဆီရောက်ပြီးနောက်ပိုင်း ဂျူးလေး မွေးနေ့ဟာအရမ်းပျော်စရာကောင်းပြီးတန်ဖိုးရှိတယ်လို့ခံစားရသည် ။

ဂျူးလေး ပထမမွေးနေ့တုန်းက ကိုကိုကြီးစီစဉ်ပေးတဲ့ရိုးရှင်းတဲ့မွေးနေ့ပွဲလေးဟာ အရမ်းကိုပျော်စရာကောင်းပြီး မိသားစုဆိုတဲ့ခံစားချက်မျိုးပေးစွမ်းသည် ။ ဒီနေ့ရော ဂျူးလေး အတွက် ဘယ်လိုနေ့ရက်ဖြစ်လာမလဲ ...... ။

ဂျူးလေး အိပ်ယာနိုးတော့ ဘေးမှာ ကိုကိုကြီး မရှိတော့ဘူး ... သို့သော် စားပွဲပုလေးပေါ်မှာ Note လေးတစ်ခု

* ကိုယ်ကိစ္စတစ်ခုအရေးကြီးလို့အရင်သွားနှင့်မယ် *

ဟု ရေးထားသည် ။ ဂျူးလေးသည် ဘာရယ်မဟုတ် ထိုစာလေးဖတ်ပြီးဝမ်းနည်းမိသွားသည် ။ ဒီနေ့က ဂျူးလေးမွေးနေ့လေ .. ကိုကိုကြီး မှာ ဂျူးလေးထက်အရေးကြီးတာတွေရှိသေးတာလား ဆိုတဲ့အတွေးဝင်လာမိသည် ။

ဘာပဲဖြစ်ဖြစ် ကိုကိုကြီး က ဒီနေ့ဂျူးလေးအတွက်အချိန်ပေးပြီး စောစောပြန်လာမှာပါလေ လို့တွေးကာ အောက်ဆင်းပြီးမနက်စာစားလိုက်သည် ။

အောက်ထပ်ရောက်တော့လဲအရာအားလုံးကပုံမှန်ပဲ .. ကြီးမေရော တခြားလူတွေရော အားလုံးက ဒီနေ့လေးကိုမေ့နေကြတယ် ..ဒါက ဂျူးလေးကိုပိုခံစားရစေတယ် ။

" ကြီးမေ .. "

" ဟင် ပြောလေ သားလေး ဘာလိုလို့လဲ "

ဂျူးလေး သည် ကြီးမေ ကို ကြည့်ကာ မဝံ့မရဲနှင့် ......

" ဒီနေ့ဘာနေ့လဲသိလားဟင် .... "

" ဒီနေ့လား .... ဒီနေ့က 31 ရက်နေ့လေ ဘာဖြစ်လို့လဲသားလေ "

" အာ ........ ဘာ ဘာမှမဖြစ်ပါဘူး ... ဒီ ဒီတိုင်းမေးကြည့်တာပါ "

ပြောပြီးသည်နှင့် ဝဲတတ်လာတဲ့မျက်ရည်တွေကို ကြီးမေ မတွေ့စေချင်၍ ခေါင်းငုံ့ကာမနက်စာကိုသာစားနေလိုက်သည် ...။

စားပြီးသည်နှင့်ဂျူးလေး အပေါ်ထပ်ပြန်တတ်ကာ ဖုန်းကိုအမြန်ဖွင့်ကြည့်ပေမယ့် ကိုကိုကြီး ဆီက မွေးနေ့ဆုတောင်းစကားမက်ဆေ့လေးတောင် မဝင်ထား ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now