❤ ကိုကိုရဲ့ကလေးငယ် ၁၆ ❤

87.1K 6.7K 632
                                    

နောက်တစ်နေ့မနက် ။

မနက်ခင်းအလင်းရောင်ခြည်က ဂျူးလေးမျက်နှာပေါ်ထင်ဟတ်နေတာကြောင့် ဂျူးလေး နိုးလာခဲ့သည် ။

လက်ဆီက တင်းကျပ်မှု့ကြောင့် ကြည့်လိုက်တော့ ကိုကိုကြီး သည် ဂျူးလေး လက်ကို ဆုတ်ကိုင်ကာ ကုတင်ဘေးမှာခေါင်းတင်ပြီး အိပ်ပျော်နေသည် .. ။
ကြည့်ရတာ ညက ဂျူးလေး ကြောင့်နဲ့ မအိပ်ခဲ့ရဘူးထင်တယ် ကိုကိုကြီး အိပ်နေခြင်းမှာတောင် မျက်ကွင်းအနည်းငယ် ညိုချင်နေသည် ။

ဂျူးလေး သည် မနေ့က နှလုံးအောင့်တာကို အမှန်တကယ်ပင် ကိုကိုကြီး ကို မပြောပြချင်ခဲ့ဘူး ... ဂျူးလေး အတွက်တော့ ဒီလို နှလုံးအောင့်တာမျိုးက အိမ်မှာထဲက ရိုးနေပြီးဖြစ်သော်လဲ ကိုကိုကြီး က ဂျူးလေး ထိုရောဂါကြောင့် တစ်နေ့မှာ ဖေဖေ့ လိုမျိုး မေမေ့ ကိုစိတ်ပျက်ပြီး ပြစ်သွားမှာကိုတော ဂျူးလေး ကြောက်သည်...။

အခုဆို ဂျူးလေး က ကိုကိုကြီး ဆီ ရောက်တာပင် လအတော်ကြာရှိနေပြီ အခုထိ ဖေဖေ က ဂျူးလေးကိုလာမရှာခဲ့ဘူး ..... ဒါ့အပြင် ကျောင်းပြန်တတ်တာကိုလဲသိနေပါရဲ့တောင် ဖေဖေ က ဂျူးလေး ကို စွန့်ပြစ်ထားတဲ့သားတစ်ယောက်လိုပင် ဘာဖြစ်ဖြစ်ဂရုမစိုက်ဘူးဆိုသည့်အတိုင်းလိုပဲ ။

အခု ဂျူးလေး မှာ ရှိတာဆိုလို့ ကိုကိုကြီး တစ်ယောက်ပဲရှိတယ် .. ဒါပေမယ့် တစ်ချိန်ကျရင်ရော ကိုကိုကြီး က ဂျူးလေး ကိုစွန့်ပြစ်ဦးမှာလားမသိပေမယ့် ဒီအချိန်လေးကို ဂျုးလေး ပျော်ရွင်နေမိတယ် ။

မနေ့ညက ကိုကိုကြီး က ဂျူးလေး ကို ဂတိပေးထားတယ် ဂျူးလေး အနားမှာပဲတစ်သက်လုံးနေမယ်တဲ့ .. အဲ့ဒါတစ်ကယ်လား မသိပေမယ့် ဂျူးလေး ကိုကိုကြီး ကို ယုံတယ် ... ကိုကိုကြီး ကတော့ ဂျုးလေး ကို မစွန့်ပြစ်လောက်ပါဘူးနော် ။

ဂျူးလေး သည် သူ့ကို ဇိုင်း က မစွန့်ပြစ်ဘူးဆိုတဲ့အတွေးကြောင့် စောနက သူ့အဖေစွန့်ပြစ်ထားသည့်အချက်ကိုပင်မေ့ကာ သူ့ရင်ထဲလုံခြုံသွားသလိုပျော်ရွင်ပြီး အပြုံးနုနုဖြစ်တည်ကာ ဂျူးလေးရဲ့ ကျန်လက်တစ်ဖက်က ဇိုင်း ရဲ့ ခေါင်းဆံပင်ဆီဖွဖွလေးပွတ်သပ်လိုက်မိသည် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now