❤ ကိုကိုရဲ့ကလေးငယ် ၂၆ ❤

77.1K 6.6K 875
                                    

ဇိုင်းသည် ကလေးငယ်နဲ့စာပို့ပြီးသည်နှင့် ရန်နိုင် ကို အလုပ်တွေလဲလွှဲကာ ကားမောင်းပြီး ကျောင်းကိုထွက်လာခဲ့သည် ။

ကျောင်းရောက်သည်နှင့် ကားပါကင်ထိုးကာ ကလေးငယ် ပြောထားသည့်အတိုင်း ကျောင်းကန်တင်းဘက်ကိုသွားလိုက်သည် ။

ဇိုင်း ကန်တင်းထဲဝင်လာသည်နှင့်အားလုံးရဲ့အကြည့်တွေက ဇိုင်းဆီတွင် မိန်ကလေးများသည် မျက်လုံးကျွတ်ကျမတတ်ငေးမောနေပြီး ... ယောက်ကျားလေးများကတော့ ဇိုင်း ရဲ့ကိုယ်ဟန်အနေအထားနဲ့ သွင်ပြင်ကိုအားကျကာကြည့်နေသည် ။

ဇိုင်းသည် အားလုံးရဲ့အကြည့်တွေကို လစ်လျှုရှုကာ ကလေးငယ် တို့ထိုင်နေကြခုံနေရာဆီသွားလိုက်သည် ။

ဇိုင်း ကားပေါ်မှာတုန်းက မင်းခ ဆီ ဖုန်းခေါ်ခဲ့သည် ။ မင်းခ ပြောစကားအရ အတန်းထဲကထွက်လာသူထဲတွင်ကလေးငယ်မပါပဲ သူ့သူငယ်ချင်းနှစ်ယောက်သာ အရင်ထွက်လာသည်တဲ့ ။

ဇိုင်း သည် ကလေးငယ် အနားမှာ မင်းခ ကိုထားပေးပေမယ့်လဲ ထိုကျောင်းအတွင်းပိုင်းထိအပြင်လူဝင်မရသည်ကြောင့် အပြင်ကနေထိပဲစောင့်ရှောက်ပေးခွင့်ရှိသည် ။

ဇိုင်း သည် ကလေးငယ် တို့ထိုင်နေသည့်နေရာအရောက်ကြည့်လိုက်တော့ ရွှေစင်နဲ့မင်းထက် ကိုပဲတွေ့သည်။

ရွှေစင် သည် ဇိုင်း ကိုတွေ့သည်နှင့်ပြုံးပြသည် ။

" အကိုရောက်ပြီလား "

" ငယ် ရော ဘယ်သွားလဲ "

" ကန်တင်းလာခါနီးမှ သန့်စင်ခန်းမယ်ဆိုလို့နေခဲ့တယ် ခဏနေလိုက်လာမယ်တဲ့ "

ရွှေစင်ပြောလိုက်တော့ ဇိုင်း နာရီတစ်ချက်ကြည့်လိုက်သည် ။

" အတန်းလွတ်တာဖြစ်ကြာပြီ ခုထိမလာသေးဘူး "

" အင်း ဟုတ်တယ် ညီမတို့လဲ ဂျူးလေးကိုစောင့်နေတာ ကြာပြီ ခုထိပြန်မလာသေးဘူး .. "

" ဖုန်းမဆက်ကြည့်ဘူးလား .. "

" ဖုန်းဆက်တယ် မကိုင်ဘူး "

ဇိုင်း သည် ရင်ဘတ်တနေရာကစို့တတ်လာတဲ့စိတ်ကြောင့် ကလေးငယ် ကို စိုးရိမ်သွားသည်ကြောင့် ချက်ချင်းဖုန်းခေါ်တော့သည် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now