❤ Extra - 1 ❤

61K 5.4K 495
                                    

တန်ဖိုးထားမြတ်နိုးရတဲ့ကလေးငယ် နဲ့အတူ အိမ်ထောင်တစ်ခုတည်ဆောက်လိုက်တဲ့ ဇိုင်းသုတ အတွက် ဘယ်အရာမှမပြောင်းလဲပေမယ့် တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပိုပိုပြီးချစ်ဖို့ကောင်းလာတဲ့ ထိုကလေးငယ် ကို ပိုတိုးလို့ချစ်လာတဲ့စိတ်တော့ဖြစ်လာရသည် ။

ဇိုင်း ချစ်ရတဲ့ကလေးငယ် က ယောက်ကျားလေးတစ်ယောက်မို့ ပြီးပြည့်စုံတယ်မဆိုသာပေမယ့် အရာအားလုံးကိုလေ့လာသင်ယူကာ ဇိုင်း ကို ချစ်၍ပိုကြိုးစားတတ်သည် ။

အိမ်ထောင်တစ်ခုပြုလိုက်တဲ့အတွက် ကလေးငယ်ဟာ ဇိုင်း အတွက် ဘယ်အရာမဆို သူကိုယ်တိုင်လုပ်ပေးချင်တဲ့ရှိတာကြောင့်သာ လွတ်ထားရတယ် ... တကယ်တမ်း ထိုကလေးငယ်ကို ဘာတစ်ခုမှမလုပ်စေပဲ သက်တောင့်သက်သာနေစေချင်သည် ...။

ပွေ့ဖက်ထားတဲ့လက်မောင်းတွေကြားထဲမှာမရှိတော့တဲ့ခန္တာကိုယ်လေးကြောင့် ဇိုင်း အိပ်ချင်မူးတူးနဲ့ပင် နှုတ်ခမ်းတွေကပြုံးသွားရပြန်သည် ။

* ဒီကလေး အစောကြီးထပြီးချက်ပြုတ်နေပြန်ပြီထင်တယ် .. ဒီနေ့တော့ ဘယ်လိုအရသာနဲ့နှစ်ပါးသွားရမလဲကြည့်ရဦးမယ် ..*

အတွေးတွေနဲ့အတူနိုးနေပေမယ့် ဇိုင်း မထသေး .. ခဏနေထိုကလေးငယ် အတင်းလာနှိုးတော့မည်လေ ။

ဒါဟာ ဇိုင်း ရဲ့ရိုးရှင်းပြီးချစ်စရာကောင်းတဲ့ ကလေးငယ် နဲ့ အတူ နိုးထရတဲ့ ကြည်နူးစရာမနက်ခင်းလေး ။

ကျွီ ...

အတွေးပင်မဆုံးသေး အခန်းထဲကိုခြေသံဖွဖွနဲ့ဝင်လာတဲ့ ကလေးပေါက်စ ။

ဂျူးလေး သည် အိမ်နေရင်းဝတ်စုံအပြာရောင်လေးကိုဝတ်ဆင်ကာ အခန်းထဲကိုအသာလေးဝင်လာခဲ့သည် ။ ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ ကိုကိုကြီး ကို ကြည့်ကာ ဂျူးလေး မျက်နှာတွင်လဲ အပြုံးတို့တွဲခိုခဲ့သည် ။

ခန့်ငြားချောမောပြီး အရာရာပြည့်စုံတဲ့ကိုကိုကြီး ဟာ ဂျူးလေးယောက်ကျား လို့မိတ်ဆက်ရတဲ့အချိန်တိုင်း ရင်ထဲမှာပြောမပြနိုင်တဲ့ပျော်ရွင်မှု့တွေခံစားရသည် ... ဒါ့အပြင် ဂျူးလေး နဲ့ပက်သတ်ရင်မျက်နှာတစ်ချက်အညှိုးမခံတဲ့ ကိုကိုကြီးကြောင့် ဘယ်အရာမှအဆင်မပြေတာမရှိခဲ့ပေ ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now