❤ ကိုကိုရဲ့ကလေးငယ် ၂၇ ❤🌚

98.5K 6.8K 573
                                    

ရောင်နီလာတဲ့နေ့သစ်တစ်နေ့ဟာ ဂျူးလေး အတွက် အရမ်းစိတ်ချမ်းသာစရာကောင်းသည် ။ အထူးသဖြင့် လုံခြုံနွေးထွေးတဲ့ချစ်ရတဲ့ ကိုကိုကြီး ရဲ့ နွေးထွေးတဲ့ရင်ခွင်ထဲကနိုးထလာရတဲ့နေ့သစ်မှာပေါ့ ။

မနေ့ကအဖြစ်ပျကိုတွေးကြည့်ရင် ကိုကိုကြီးမလာခင်အချိန်ထိ ဂျူးလေးဘဝအဆုံးသတ်ပြီလို့တွေးထားပေမယ့် ... မမျှော်လင့်ပဲပေါ်လာတဲ့ ကိုကိုကြီးကြောင့် ဂျူးလေး ဘဝလုံခြုံမှု့ရှိခဲ့ပြန်သည် ။

ကိုကိုကြီးသည် ဂျူးလေးကို သူ့လက်မောင်းဆီခါတိုင်းလိုခေါင်းခုအိပ်စေပြီး ဂျူးလေးခါးကိုတင်းကျပ်စွာဖက်ထားပြီး အိပ်မောကျနေသည်

အိပ်နေရင်းတောင်ချောမောလွန်းတဲ့ ကိုကိုကြီး မျက်နှာကို အနီးကပ်ကြည့်ရင်း အခုန်မြန်လာတဲ့နှလုံးသားကြောင့်အသာပြုံးမိလိုက်သည် ။

ချစ်ရသူရဲ့မျက်နှာဆီ လက်ညှိုးလေးနဲ့ နှဖူးလေးကနေ ဖြည်းဖြည်းချင်းဆွဲချလာပြီး နှာတံလေးထိဆင်းလာခဲ့ရင်း အောက်ဆက်ဆင်းလိုက်သည်နှင့် ချစ်ရသူရဲ့မထူမပါးနှုတ်ခမ်းလေးကို ဘာရယ်မဟုတ် ဂျူးလေး သဘောကျမိတာကြောင့် လက်ညှိုးလေးနဲ့အောက်နှုတ်ခမ်းလေးကိုဖွဖွပွတ်ကာ ကိုကိုကြီးရဲ့ပါးပြင်ကို လက်ဖြင့်အုပ်ကိုင်ကာ နှုတ်ခမ်းဆီအနမ်းခြွေလိုက်သည် ။

ကိုကိုကြီးရဲ့အပေါ်နှုတ်ခမ်းလွှာနဲ့အောက်နှုတ်ခမ်းလွှာကိုနှူးညံ့မှု့အပြည့်နဲ့နမ်းပြီးလွတ်လိုက်စဉ် ရုတ်တရက် .......... ။

" အာ ကိုကိုကြီး နိုး နိုးနေတာလား ..... ဟာ "

ဇိုင်း သည် ဂျူးလေး မေးသည်ကိုပြန်မဖြေပဲ ဆွဲဆောင်လွန်းတဲ့အပြုံးတို့နဲ့တုန့်ပြန်ကာ ဂျူးလေးခန္တာကိုယ်ကို အုပ်မိုးပြီး လက်တွေကိုခေါင်းပေါ်တင်ကာလက်တဟ်ဖက်နဲ့ကိုင်ထားရင်း နမ်းလက်စအနမ်းတို့ကိုပြန်ဆက်စေသည် ။

ဇိုင်း ဟာ ညက ကိစ္စတစ်ချို့ပြီးသည်နှင့် ကလေးငယ်ဘေးမှာအစောကြီးအိပ်ယာဝင်ခဲ့သည်မို့ ဒီမနက်အစောကြီးနိုးနေခဲ့သည် ။ ဇိုင်း နိုးပြီးအချိန်ခဏအတွင်းမှာပဲ ကလေးငယ် နိုးလာတာကြောင့် ဇိုင်း မျက်လုံးပိတ်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်တော့သည် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now