❤ ကိုကိုရဲ့ကလေးငယ် ၃၁ ❤

85.1K 6.2K 438
                                    

ဇိုင်း ဟာ ကလေးငယ် နဲ့အတူ ခရီးထွက်ဖို့ပြင်ဆင်စရာရှိတာ ပြင်ဆင်ရင်း ဒီစံအိမ်အသစ်မှာပဲနေလိုက်တော့သည် ။ ဇိုင်း ကြောင့် အိပ်ယာထဲကမထနိုင်တဲ့ကလေးငယ် ဟာ ဆေးထိုးဆေးသောက်လုပ်ပြီး ၂ ရက်လောက်မှာ သက်သာလာခဲ့သည် ။ သို့ပေမယ့် တကယ်လုံးမှာရှိတဲ့ ဇိုင်း ပေးထားတဲ့ အချစ်အမှတ်အသားလေးတွေကတော့ မပျောက်သေး ။

ဇိုင်း ကိုယ်တိုင်ကလဲ ထိုအမှတ်အသားလေးတွေကို အပျောက်မခံ ... ထိုအရာများ ပျောက်သည်နှင့် အသည်းယားစွာ ထပ်ထပ်စုပ်နမ်းနေသည်မို့ ... ကလေးလေး ရဲ့ လည်တိုင်ကအရာတွေကတော့ ပျောက်ဖို့အချိန်အတော်ကြာလိမ့်ဦးမယ် ။

ခရီးထွက်မယ့်အချိန်မှာ စုပြုံရောက်လာတဲ့ Us က အလုပ်စရင်းတွေနဲ့ ဒီက အလုပ်တွေကြောင့် ဇိုင်း ပင်ပန်းရသည် ။ သို့ပေမယ့် ဇိုင်း ကတော့ ဘယ်လောက်ပဲအလုပ်များနေပါစေ ကလေးလေးနဲ့အတူရှိနေတဲ့ အချိန်မှာ ဘယ်တော့မှ အလုပ်မလုပ်ခဲ့ပေ ။

ကလေးငယ် အိပ်ပျော်တဲ့ ညဘက်တွေမှာ ဇိုင်း အိပ်ချိန်ထဲက အချိန်ဖဲ့ပြီး အလုပ်တွေကို အပြီးသတ်ခဲ့သည် ။ လချီလုပ်ရမယ့်အလုပ်တွေကို ရက်ပိုင်းလေးအတွင်းအကုန်လုပ်ရတာကြောင့် ဇိုင်း နဲ့အတူ မင်းခ နဲ့ ရန်နိုင် လဲ ပင်ပန်းရသည် ။

ရန်နိုင် ထက်ပင်ပန်းရသူက မင်းခ ပေါ့ ။ ဒီရက်ပိုင်း ရန်နိုင် ကိုင်တွယ်တဲ့ စရင်းတော်တော်များများကို မင်းခ နောက်ကလုပ်ပေးနေတာ ဇိုင်း သတိထားမိသည် ။

ဇိုင်း ကလေးငယ် အတွက် အောက်ထပ်မှာ မုန့်ယူရင်း အိတ်ကပ်ထဲက ဖုန်းလာတာကြောင့် ကိုင်လိုက်သည် ။

" Hello Daddy "

" သားကြီး မင်းတို့အပျော်ခရီးသွားမလို့ကြားတယ် "

" ဟုတ်ကဲ့ Daddy .. မှာစရာရှိလို့လား "

" မဟုတ်ပါဘူးကွာ မင်းပါးပါးက သူ့သမက်လေးနဲ့စကားပြောချင်တယ်ဆိုလို့ ဖုန်းခေါ်လိုက်တာ"

" ငယ် လား ?... ခဏလေး ကိုင်ထားပေး Daddy "

ဇိုင်း ပြောပြီးသည်နှင့် လက်တစ်ဖက်က စတော်ဘယ်ရီသီးပန်ကန်ကိုယူပြီး ဧည့်ခန်းထဲက ကလေးလေးဆီလျှောက်သွားသည် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now