❤ ကိုကိုရဲ့ကလေးငယ် ၃၀ ❤🌚

102K 5.9K 385
                                    

နောက်တစ်နေ့မနက်ခင်း ... ။

သာမာန်အိမ်တစ်လုံးစာလောက်ကျယ်ဝန်းတဲ့အခန်းတစ်ခုရဲ့အလည်ရှိ Kingဆိုဒ် အနက်​ရောင်မွေ့ယာကြီးပေါ် အိပ်ပျော်နေတဲ့လူသားနှစ်ယောက်သည် အိပ်မောချင်းကိုယ်စီနှင့် ။

ကတ္တီပါမွေ့ယာနှင့်လိုက်ဖက်စွာ နွေးထွေးမှုရှိတဲ့အနက်ရောင်ခြုံထည်စောင်ကို လက်ဂျိုင်းအောက်ထိခြုံထားပြီး ဇိုင်း လက်မောင်းပေါ်မှာအိပ်ပျော်နေတဲ့ ချစ်ရသူကိုတင်းကျပ်စွာဖက်ထားသေးသည် ။

မှန်ပြတင်းပေါက်ဘက်ဆီသို့ လှဲအိပ်နေသောကြောင့် ပြူထွက်လာသောနေမင်းကြီးရဲ့အလင်းရောင်က ဇိုင်း ရဲ့ မျက်နှာဆီရောက်လာတာမို့ နိုးလာခဲ့ရသည် ။

ဇိုင်း နိုးလာသည်နှင့် တခြားအရာတွေကိုအာရုံထဲမရှိသေး .. ဇိုင်း ခါးကိုဖက်ပြီး လက်မောင်းပေါ်မှာအိပ်မောကျနေတဲ့အချစ်လေးဆီမှာပဲ အကြည့်တို့စုံလျှက် .... ။

မနေ့ညက ဇိုင်း ရဲ့ အချစ်ကြမ်းမှု့ကြောင့် ကလေးငယ်ရဲ့ကိုယ်ပေါ်မှာအမှတ်အသားအရာတွေထင်နေလိမ့်မယ်ဆိုတာသိပေမယ့် တကယ်တမ်းတွေ့လိုက်ရတော့ ဇိုင်း ကိုယ်တိုင်တောင် အံသြနေမိပြီ ။

တစောင်းအိပ်နေတဲ့ ကလေးငယ် ရဲ့ လည်တိုင်ဖွေးဖွေးဟာ ဇိုင်း ပယောဂကြောင့် အနီရောင်မှကျော်လွန်၍ အညိုရောင်အကွက်တွေပင်ရှိနေသည့်အပြင် ပုခုံးသားလေးတွေမှာလဲ ဇိုင်း ရဲ့ ကိုက်ရာမနှံ့ရှိနေပြန်သည် ။ ဒါ့အပြင် အဝတ်စလစ်ဖြစ်နေတဲ့ ကလေးငယ်ရဲ့ ရင်ညွှတ်တစ်လျှောက်ရှိနေသည့်အမှတ်အသားတွေဟာ နှားရွက်ဖျားလေးတွေထိ နေရာမလပ်စေရ ... ။

ကလေးငယ် ကို ဒီလိုပုံစံမျိုးလေး တွေ့ချင်နေခဲ့တာ ဇိုင်းရဲ့ အိမ်မက်တစ်ခု ။ ဇိုင်း သည် ဒီနေ့မရောက်ခင်အချိန်က ကလေးငယ် နဲ့ နှစ်ကိုယ်တူအာသာဖြေလျှော့ခြင်းပြုပေမယ့် ဒီလိုမျိုး နှစ်ယောက်သား အဝတ်စလစ်နဲ့ မနိုးထခဲ့ဖူးပေ ။

အရင်က ကလေးငယ် အပေါ်အမှတ်အသားပေးသော်ငြားလဲ ဒီနေ့လိုမများပြားခဲ့ဖူးဘူး ။ နောက်ဆုံးတော့ ဇိုင်း စောင့်နေရတဲ့နေ့လေးတစ်နေ့ရောက်လာခဲ့ပြီ ။ အရင်လိုထိန်းချုပ်စရာမလိုပဲ ကိုယ်ချစ်တဲ့လူကို ပိုင်ဆိုင်ချင်တဲ့ဘယ်အချိန်မျိုးမဆို ထိတွေ့ခံစားလို့ရခဲ့ပြီ ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now