❤ ကိုကိုရဲ့ကလေးငယ် ၃၂ ❤

76K 7.1K 336
                                    

အခန်းထဲကအေးစက်တဲ့လေထုကြောင့် နွေးထွေးတဲ့ရင်ခွင်တစ်စုံထဲပိုတိုးလို့ဝင်မိသည် ။ ဘယ်လောက်ပဲအေးစက်နေပါစေ အနားမှာအမြဲရှိနေတဲ့ချစ်ရသူက ဂျူးလေး အပေါ်နွေးထွေးစွာ ပွေ့ဖက်၍တင်းတင်းကျပ်ကျပ်ဖက်ထားဆဲ ။

မနေ့က ဂျူးလေး တို့ ညစာစားပြီး ထွက်လာတာနောက်ကျတာမို့ လေယာဉ်ပေါ်မှာတင် အိပ်ပျော်သွားတဲ့ ဂျုးလေး က အခုမနက်မှ နိုးလာတော့သည်။

ထုံးစံအတိုင်း ဂျူးလေး ကို လွတ်ထွက်သွားမည့်အလား တင်းကျပ်စွာ ပွေ့ဖက်ထားတဲ့ ကိုကိုကြီး ရင်ခွင်မှာနိုးလာခဲ့ရသည် ။

ခရီးပန်းလို့ အိပ်မောကျနေတဲ့ ကိုကိုကြီး ဟာ ဘယ်လောက်ပဲပင်ပန်းပြီး အိပ်ပျော်နေပါစေ ဂျူးလေး ကိုတော့ သူ့ရင်ခွင်ထဲက အလွတ်မခံခဲ့ပါ ။

ဂျူးလေး သည် ကိုကိုကြီး မျက်နှာကိုသေချာကြည့်ပြီး နှုတ်ခမ်းတွေမှာ ဘယ်လောက်ပျော်ရွင်နေလဲဆိုတာအရမ်းသိသာနေခဲ့သည် ။ ကိုကိုကြီး က အမြဲတမ်း သူ့အလုပ်တွေနဲ့ရှုတ်နေပေမယ့်လဲ ဂျူးလေး အတွက်ဆိုရင် ဘယ်တော့မှအချိန်ပေးရန်မမေ့ ။

* ငါလှုပ်နေလို့ ကိုကိုကြီး နိုးသွားဦးမယ် .. *

ထိုသို့တွေးကာ ဂျူးလေး ဇိုင်း ကို ဖက်ထားတဲ့လက်တွေကို အသာလေးကြွပြီး ဇိုင်း ဖက်ထားတဲ့ လက်ကိုဖယ်ခွာလိုက်သည် ။

ဂျူးလေး လက်မောင်းကိုတင်းကျပ်စွာဖက်ထားတဲ့ လက်တွေက ခါးနားမှာပြေကျသွားသည်ထိ ကိုကိုကြီး နိုးမလာသေးတာမို့ ... နောက်ထပ်ဖြေးဖြေးချည်းထသွားဖို့ပြင်လိုက်စဉ် ... ။

" အမေ့ .. !! "

" ကိုယ်အိပ်နေတုန်း ဘယ်ပြေးမလို့လဲကလေးလေး "

မျက်လုံးမဖွင့်ပဲ ဂျူးလေး ခါးကိုတင်းကျပ်အောင်ပြန်ဖက်ထားရင်း သူ့ရင်ဘတ်နဲ့ နောက်ကျောဆီကပ်ကာ နားနားဆီကပ်ပြောတဲ့ခပ်သြသြအသံဟာ ဂျူးလေး နားရွက်ဖျားလေးတွေပူနွေးစေသည် ။

" ဟို ငယ် က လှုပ်စိလှုပ်စိနဲ့ဆိုတော့ ကိုကိုကြီး အိပ်နေတာနိုးသွားမှာစိုးလို့လေ "

" မလိုဘူး ... ငယ် မရှိမှ ကိုယ်အိပ်မပျော်မှာ .. စောသေးတယ် ပြန်အိပ် "

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now