❤ ကိုကိုရဲ့ကလေးငယ် ၂၄ ❤

76.7K 6.7K 629
                                    

Q Company

ဒီနေ့မနက် ရဲမင်းဇန် Company ကို ရောက်ရောက်ချင်းကြားလိုက်ရတဲ့သတင်းကြောင့် စိတ်တိုပေါက်ကွဲတော့သည် ။

" တောက် ! ဒါသပ်သပ်ငါ့ကိုစိန်ခေါ်တာ ! "

ရဲမင်းဇန် သည် စားပွဲမှခါးထောက်ကာ ပြင်းထန်တဲ့ဒေါသအသွင်နဲ့ပေါက်ကွဲနေရခြင်းအကြောင်းက သူသည် နောက်ဖွင့်မယ့် Company အတွက်ရန်ရွည်ရွယ်ထားသည့် မြို့စွန်က ​မြေကွက်ကို တဖက်ကပေါ်တင်လုဝယ်သွားတာကြောင့်ပင် ။

" သူဌေး အဲ့တာဆိုကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ"

" အခုမှတော့ဘာမှလုပ်လို့မရတော့ဘူး ... ကျော်ဇေဒီနေ့အတွက်
မီတင်အကုန်ပြန်ဖျက်လိုက်တော့ .. "

" ဗျာ ဟုတ်ကဲ့ .. "

"ကစားပွဲကဒီလောက်မြန်မြန်စမယ်မထင်ခဲ့တာငါ့ရဲ့ပေါ့လျှော့မှု့ ပဲ ဇိုင်းသုတဆိုတဲ့ကောင်ကိုလျှော့မတွက်ခဲ့သင့်ဘူး .. ဒါပေမယ့် ဘယ်လိုလုပ်မလဲ သူ့ရဲ့အကြီးမားဆုံးအားနည်းချက်ကိုငါရှာတွေ့ထားပြီးသားဆိုတော့လဲ .. ဟားဟား အလှည့်ကျမနွဲ့စတမ်းပေါ့ကွာ "

ရဲမင်းဇန် မျက်နှာမှာမကောင်းတဲ့အငွေ့အသက်အပြည့်ဖြစ်နေပြီး ကောက်ကျစ်တဲ့အပြုံးတစ်ခုပါယှဉ်တွဲလျှက် ။
.
.
.
.
HF Company ...။

ဇိုင်း သည် ရုံးခန်းထဲရှိ စားပွဲထိပ်မှာထိုင်ကာ ရှေ့ကွန်ပြူတာဆီက မြေကွက်ကိုကြည့်ပြီး အောင်နိုင်သူအပြုံးပြုံးလျှက် ကျေနပ်နေသည် ။

ဒီအချိန်ဆို Q Ceo ဒေါသငယ်ထိတ်ရောက်နေလောက်ပြီမဟုတ်လား .. သူ့ရဲ့တန်ဖိုးမြေကွက်ကောင်းတစ်ခုကို ဇိုင်း အခုလိုဖြတ်ယူကာဝယ်လိုက်တာမို့ အခုနေဆို ရဲမင်းဇန် အတွက် ဇိုင်း ဟာ တိုက်ပွဲရဲ့ပထမခြေလှမ်းအဖြစ်မှတ်ယူသွားချေတော့မည် ။

*မင်းကငါ့အပိုင်ကိုမျှော်မှန်းရဲမှတော့ ငါကဘာလို့မင်းပိုင်ဆိုင်တာတွေကိုမဖျက်ဆီးရဲရမှာလဲ*

ထိုစဉ် တံခါးခေါက်ကာ ရန်နိုင် ဝင်လာသည် ။

" Boss ဒီမြေကွက်အတွက် Boss မှာ စဉ်းစားထားတာရှိတာလား "

" မရှိဘူး .. ငါ့အတွက်အဲ့မြေကွက်က တန်ဖိုးမရှိဘူး "

" ဒါပေမယ့် ကျွန်တော်တို့ပေးထားတဲ့ဈေးကမီလီယံချီတယ်လေ ဒီတိုင်းထားလိုက်မလို့လား "

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now