❤ ကိုကိုရဲ့ကလေးငယ် ၃၈ ❤END

86.4K 6.7K 930
                                    

အချိန်ကား မနက် ၃ နာရီ .... တိတိကျကျပြောရရင် သွေးသံရဲရဲနဲ့မေ့မြောနေတဲ့ ကလေးငယ် ကို ပွေ့ချီရင်း ဆေးရုံအတွင်းရောက်လာပြီး ဆရာဝန်တွေနဲ့အတူ ခွဲစိတ်ခန်းထဲဝင်သွားတဲ့ ကလေးငယ် ဟာ အခု အချိန် ၃ နာရီကြာသည့်တိုင် ပြန်ထွက်မလာနိုင်သေး ။

ဆေးရုံအတွင်း ဇိုင်း တို့ အဖွဲ့အားလုံးပြာယာခပ်စွာ ဝင်လာပြီး ဝုန်းဒိုင်းကျဲမှု့ကြောင့် ဆရာဝန် နဲ့ ဆရာမတစ်ချို့ကလဲ ကြောက်လန့်တကြားဖြစ်လို့နေသည် ။

ဂျူးလေး ကို ဆေးရုံပို့တဲ့လမ်းမှာ ဒဏ်ရာတွေကြောင့်ရော ငိုထားတဲ့မောပန်းမှု့တို့ပါပေါင်းပြီး သုသု သတိလစ်သွားတာကြောင့် အပြင်လူနာဆောင်မှာ ကုသမှု့ခံယူနေရသည် ။ 

သုသု ထက်ပိုပြီး စိုးရိမ်စရာအခြေနေရှိနေတဲ့ ဂျူးလေး ကြောင့် ဇိုင်း မှာ အစိုးရိမ်လွန်ကာ သူရဲ့မကာကွယ်နိုင်တဲ့အားနည်းချက်ကိုအမှားလုပ်ကာ နံရံပေါ်ကျရောက်လာတဲ့ လက်သီးချက်တွေမှာ အရိုးပင်ကျိုးလုလုဖြစ်နေတော့သည် ။

ဇိုင်း လက်တွေမှာရော အင်္ကျီတစ်ထည်လုံးရော ဂျူးလေး ရဲ့ သွေးတွေညစ်ပေနေပြီး ထိုသွေးတွေကိုကြည့်မိတိုင်း ဇိုင်း ကမ္ဘာပျက်လို့နေရတယ် .. စိုးရိမ်ဝမ်းနည်းမှု့ကြောင့် လက်နှစ်ဖက်ကိုခေါင်းပေါ်တင်ပြီး ခေါင်းငိုက်စိုက်ကာ မျက်ရည်တွေကျလို့နေရင်း .... ။

ပြင်ပလူနာဆောင်မှာ ဆေးထည့်ကာအခြေနေတည်ငြိမ်လို့မေ့ဆေးအရှိန်နဲ့အိပ်ပျော်နေတဲ့ သုသု ကို ဝန နဲ့ထားခဲ့ပြီး .. သားဖြစ်သူကို နှစ်သိမ့်ဖို့အတွက် ခွဲစိတ်ခန်းဆီထွက်လာခဲ့သည် ။

ဦးဇိုင်း ကိုယ်တိုင်လဲ သားကြီးဖြစ်သူရဲ့ခံစားချက်ကိုနားလည်တာကြောင့် နှစ်သိမ့်ယုံအပြင် ဘာမှမလုပ်ပေးနိုင်ခဲ့ ။

ဇိုင်း ဘေးနားမှာရှိနေတဲ့ ရန်နိုင် လဲ သူ့ Boss အခြေနေကိုကြည့်ကာ စိတ်မကောင်းဖြစ်နေယုံပဲတတ်နိုင်တော့တယ် ။

" သားကြီး စိတ်ကိုလျှော့ပါကွာ .. ဂျူးလေးစိတ်ထားကောင်းတဲ့ကလေးတစ်ယောက်ပါ သူဘာမှမဖြစ်နိုင်ပါဘူး .. "

" မဟုတ်ဘူး .. မဟုတ်ဘူး dad ကျွန်တော့်ကြောင့် ကျွန်တော် ငယ့် ကို သေချာမကာကွယ်ခဲ့မိလို့ .. ကျွန်တော့်ကြောင့်ဗျာ !! "

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now