❤ ကိုကိုရဲ့ကလေးငယ် ၃၆ ❤

75.7K 5.7K 633
                                    

နောက်တစ်နေ့မနက်မှာ .. အရာအားလုံးဟာ ဘာမှမဖြစ်ခဲ့သလိုပျော်ရွင်စွာလည်ပတ်ရင်း လက်ဆောင်တွေအများကြီးဝယ်ကာ ပြန်လာခဲ့ကြသည် ... သို့သော် ဇိုင်း တို့ပျော်ရွင်နေတဲ့အချိန်မှာ ဝေဖန်မှု့များစွာနဲ့ အေဂျင်စီမှထုတ်ခံရကာ အနုပညာလောကထဲခြေလှမ်းလို့မရတော့တဲ့မိန်းကလေးတစ်ဦးလဲသောကတွေနဲ့ရှိနေတယ်ဆိုတာတော့ ဂျူးလေးတစ်ယောက်မသိလိုက်ပေ ။

လေယာဉ်ဆိုက်လို့ ပြန်ရောက်တာနဲ့ ပါပါးတို့ဆီသွားချင်တယ် ဆိုတဲ့ ဂျူးလေးကြောင့် ဇိုင်း က ရန်နိုင် နဲ့ မင်းခ ကို Company ကိစ္စတွေအတွက်အရင်ပြန်စေကာ ဇိုင်းတနု့ကတော့ အိမ်တန်းမပြန်ကြပဲ Daddy ဆီသာ တန်းလာခဲ့သည် ။

ဇိုင်းသုတ တို့ရောက်မှာကို ကြိုပြီးဖုန်းဆက်ထားတာမို့ ဦးဇိုင်း နဲ့ သုသုလေးတို့နှစ်ယောက်ကထွက်စောင့်နေသည် ။

စင်ဝင်အောက်ကားရပ်တာနဲ့ ပျော်ရွင်ကာ ကားတံခါးကိုယ်တိုင်ဖွင့်ပြီးဆင်းသွားတဲ့ကလေးငယ်ကြောင့် ဇိုင်း က လက်ဆောင်ထုတ်တွေယူပြီး နောက်ကလိုက်ဆင်းလာသည် ။

" ငယ် ကူသယ်ပေးမယ်လေ "

" နေပါစေ ငယ်ရယ် .. ကိုယ်ပဲသယ်လာခဲ့မယ် "

ဇိုင်းသုတ တို့စကားပြောနေတုန်း သုသုကအနားကိုရောက်လာကာ ဂျူးလေး လက်ကိုကိုင်ကာ ... ။

" သူတို့သားအဖကိုသယ်ခိုင်းလိုက် ပိစိ ပါးပါးတို့အိမ်ထဲဝင်နှင့်ရအောင် .. "

" ဟီးးး ဟုတ် ပါးပါး "

" ဘယ်လိုလဲ ခရီးမှာပျော်ခဲ့ရဲ့လား "

" ပျော်ခဲ့ပါတယ် .. အဲ့မှာလေ @#^%#@ "

စကားတပြောပြောနဲ့ ယောက်က္ခထီးနဲ့သမက် အထဲဝင်သွားပုံကို နောက်မှာကျန်ခဲ့တဲ့ ဦးဇိုင်း နဲ့ ဇိုင်းသုတ က တစ်ယောက်နဲ့တစ်​ယောက်ကြည့်ရင်း ..... ။

" အင်း အခုမှပဲအတွဲညီသွားတော့တယ် .. မင်းပါးပါးက ပိစိ ကို မျှော်နေတာလေ "

" ဟုတ်တယ် Daddy ငယ် ကလဲ အိမ်မှာဆိုပျင်းလို့ဆိုပြီး ပါးပါးနဲ့စကားပြောနေတာကို ပျော်နေတာ တကယ့်လိုက်ဖက်တဲ့သားအဖပဲ "

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now