❤ ကိုကိုရဲ့ကလေးငယ် ၄ ❤

85.5K 7.2K 1.2K
                                    

ဒီရက်ပိုင်းမှာ ဂျူးဂျူး ကျောင်းကိုတတ်စီနဲ့ပဲလာတော့သည် ။

ဂျူးဂျူး စိတ်ထင်လို့ပဲလားမသိပေမယ့် လင်းသန့်စင် အနားမှာနေရတာနောက်ကျောမလုံပဲနေရခက်လာသည် ။

နောက်ပိုင်းအခုနောက်ပိုင်းလဲ လင်းသန့်စင် က ဂျူးဂျူးနဲ့ကျောင်းမသွားချင်တာကြောင့် သူ့ကားနဲ့မလိုက်နဲ့လို့ပေါ်တင်ပြောလာတာကြောင့် ဂျူးဂျူးမှာ မလိုက်ရတော့ပေ ။

ဂျူးဂျူး က နှလုံးရောဂါသည်မို့ လင်းသန့်စင် ကားနောက်ကလိုက်ပြီး လမ်းတစ်ဝက်မှာလမ်းလျှောက်ရမှာထက် Taxi စီးပြီး ကျောင်းထိသက်တောင့်သက်သာသွားတာပို၍ကောင်းသည်။

ဂျူးဂျူး ကျောင်းမှာရှိနေတဲ့တစ်နေ့တာဟာ ဟိုအရက်တုန်းကလိုပျော်စရာမကောင်းနေတော့ပါ ... ဘာလို့ဆို လင်းသန့်စင် ရဲ့သူငယ်ချင်းနှစ်ယောက်သည် အခုနောက်ပိုင်း လင်းသန့်စင် အရှိန်နဲ့ ဂျူးဂျူး ကို တစ်ခုမဟုတ်တစ်ခုခိုင်းလာသည် ။

ရွှေစင် က ဂျူးဂျူးဘက်ကပြန်ပြောရင်လဲသူတို့က ရွှေစင်အပေါ်အမြင်မကြည်မှု့ကို ဂျုးဂျူးဆီလွှဲချကာ လင်းသန့်စင် နဲ့တိုင်တော့တာကြောင့် လင်းသန့်စင် က ဘာမှမဆိုင်တဲ့ ဂျူးဂျူး ဘက်လှည့်လာပြီး စာသင်ချိန်မရအောင်ဈေးတွေဝယ်ခိုင်း လမ်းသွားရင်လဲခြေထိုးခံ အဲ့လိုတွေနေဗာက်ယှက်သည် ။

နောက်ပိုင်းကျတော့ ရွှေစင်ကို ဂျူးဂျူးကပဲတောင်းပန်ကာတားလိုက်ရသည် ။

သို့ပေမယ့် နောက်ထပ်ဒုက္ခတစ်မျိုးအနေနဲ့ လင်းသန့်စင် သူငယ်ချက်းထိုနှစ်ယောက်သည် ဂျူးဂျူး ခန္ဓာကိုယ် ကို မထိတထိစနောက်ပြီး စည်းကျော်လာခဲ့သည်ကြောင့် ဂျူးဂျူးမှာ ယောက်ကျားလေးဖြစ်ရက်သားနဲ့ ထိုနှစ့ယောက်ကို မနည်းရှောင်နေရသည် ။

ဂျူးဂျူး သည် အေးဆေးပြီးဖြူစင်တဲ့ကလေးမို့ ထိုနှစ်ယောက်ရဲ့အပြုမှုတွေကိုကြောက်လန့်နေရသည် ။

အတန်းထဲရောက်သည်နှင့် ဂျူးဂျူး သည် ရွှေစင်နဲ့အတူ ထိုင်ပြီးစကားပြောနေတုန်း ထိုနှစ်ယောက်သည် ဂျူးဂျူး အနားကိုလျှောက်လာတာကြောင့် ဂျူးဂျူးမသိချင်ယောင်ဆောင်ထားပေမယ့် ကြောက်လန့်နေသည်ကအမှန်ပင် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now