The Pitfall 1
နွေဦးရာသီကမနက်စောစောမှာတောင် လေပြေလေးတွေ
မတိုက်ခတ်တော့ အထုပ်တွေအပိုးတွေဆွဲကာ လမ်းလျှောက်နေရတဲ့ ရိပေါ်အတွက် အေးမြခြင်းတွေယူဆောင်မလာခဲ့ပါ။cupcake လုပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီး အိမ်ကိုပြန်ရောက်တော့ မနက် ၆ နာရီစွန်းစွန်းလောက်သာရှိသေးသည်။
တစ်ယောက်တည်းနေတဲ့ တိုက်ခန်းအတွင်းသို့ဝင်ကာ မီးဖိုခန်းဆီတိုက်ရိုက်ဦးတည်ခဲ့သည်။
ဘယ်သောအခါမှ မီးဖိုချောင်မဝင်တတ်တဲ့ ရိပေါ်အတွက် မီးဖိုခန်းထဲရောက်နေရသောအကြောင်းအရင်းမှာ တစ်ခုတည်းရှိသည်။
အဲဒါက ယွဲ့ယမ်အတွက်ပါပဲ။
အခုက ယွဲ့ယမ်စိတ်ထိခိုက်နေရချိန်မို့ အချိုများများစားစေချင်တဲ့ စေတနာကြောင့် ကိုယ်တိုင် cupcake ဝင်လုပ်နေမိခြင်းပင်။
ယွဲ့ယမ်က စိတ်ညစ်တဲ့အချိန်ဆို အချိုများများစားပေးရင် စိတ်သက်သာရာရတယ်လို့ ပြောဖူးလေသည်။
သူငယ်ချင်း ဟောက်ရွှမ်းရဲ့ ကော်ဖီဆိုင်မှာ အားရင်အားသလို ဝင်ကူညီပေးဖြစ်တာကြောင့် ရိပေါ် ဝါသနာမပါသော်လည်း ကိတ်မုန့်ဖုတ်တာကို ကျွမ်းကျင်စပြုနေပြီ။
ကိုယ့်အတွက်ဆို ယောင်မှားလို့တောင်လုပ်ဖြစ်မှာမဟုတ်ပေမယ့် ယွဲ့ယမ်ကို စားစေချင်တဲ့စိတ်ကြောင့် ဒါမျိုးတွေ လုပ်နေမိတာ။
ဝယ်ကျွေးလိုက်လို့ရပေမယ့် အနှစ်သာရခြင်းမတူဘူးမဟုတ်လား။
နေပူထဲကပြန်လာလို့ ချွေးထွက်ပြီး အနည်းငယ်ပင်ပန်းနေပေမယ့် cupcake လေးတွေလုပ်နေချိန်မှာ ရိပေါ်က တပြုံးပြုံးပါပဲ။
ယွဲ့ယမ်အတွက်ရယ်လို့ တွေးလိုက်ရုံနဲ့တင် ရိပေါ်မျက်နှာမှာ အပြုံးတွေ ဖူးပွင့်လာတတ်တာ အခုမှမဟုတ်ဘူး။
ယွဲ့ယမ်ဆိုတာ တခြားလူမှမဟုတ်ခဲ့တာ။
ရိပေါ်ရဲ့ တစ်ဦးတည်းသောချစ်ရသူ၊ ရိပေါ်ရဲ့ တစ်ခုတည်းသောတွယ်တာရာလေး။
ဒါပေမယ့် ယွဲ့ယမ်နဲ့ ရိပေါ်ဟာ ချစ်သူတွေတော့ မဟုတ်ခဲ့ဘူး။
YOU ARE READING
∆ The Pitfall ∆ (Completed)
同人小说I will win this game. Wang Yibo But how? I have nothing to lose. Xiao Zhan This is Yizhan fanfiction💚❤️