The Pitfall 23

7.2K 1K 46
                                    


The Pitfall 23

“ကျိရန် မဆော့နဲ့လေကွာ ဒီမှာ cream တွေအကုန်ပေကုန်တော့မယ်”

“မင်းကငါ့ကို ငြိုငြင်တာလားပြော။ ငါက မင်းတစ်ယောက်တည်းပင်ပန်းနေမှာစိုးလို့ ကူလုပ်ပေးနေတာလေကွာ။ ဒီမှာကြည့် ငါလုပ်ထားတာ မလှဘူးလား ပြော။ မင်းလုပ်တာထက်တောင် လှသေးတယ်နော်”

“ဒီလောက် ပုံပျက်နေတဲ့ ကိတ်မုန့်က ဘယ်နားကလှတာလဲ စုံကျိရန် ငြိမ်ငြိမ်နေနော် ငါဒီနေ့ည ဒါတွေအပြီးလုပ်ရမှာ”

ဟောက်ရွှမ်းရဲ့ကော်ဖီဆိုင်တွင်ဖြစ်သည်။

နောက်တစ်နေ့မနက်စောစောပေးရမယ့် ကလေးလေးတစ်ယောက်မွေးနေ့အတွက် cupcake order အတွက် ဟောက်ရွှမ်းဆိုင်တွင်အလုပ်များနေခြင်းဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှပဲ ကိတ်မုန့်ဖုတ်တဲ့တစ်ယောက်က နေမကောင်းလို့ ခွင့်ယူသွားတာမို့ မုန့်တွေအားလုံးလုပ်ရမယ့်တာဝန်က ဟောက်ရ့မ်းပေါ်ကျရောက်လာသည်။

ရိပေါ်ကို အကူအညီလှမ်းတောင်းရင်တော့ ရနိုင်ပေမယ့် ရိပေါ်တို့လဲ ပြိုင်ပွဲအတွက် လေ့ကျင့်ရေးဆင်းပြီး ပင်ပန်းနေတယ်ဆိုတာသိလို့ လှမ်းမခေါ်ဖြစ်တော့။

ကျိရန်တောင် လေ့ကျင့်ရေးပြီးတာနောက်ကျလို့ ခုနကမှ ဟောက်ရွှမ်းဆီရောက်လာခဲ့တာမဟုတ်လား။

ကျိရန်ကတော့ မလာပါနဲ့လို့ပြောရင်တောင် မရတဲ့ ရည်းစားလေးပဲ။

တစ်နေ့မှ သူနဲ့မတွေ့ရရင် သိပ်လွမ်းပါတယ်ဆိုတဲ့ သူရဲ့ချစ်ရည်းစားလေးက အခုလဲ သူအလုပ်လုပ်နေတာကို ကူမယ်ဆိုပြီး ဘေးကနေ နှောင့်ယှက်နေလေတာ။

ဆိုင်ပြင်မှာတော့ waiter ကောင်လေးနဲ့ cashier ကောင်လေးရယ်၊ ကော်ဖီဖျော်တဲ့ barista ကောင်လေးရယ်ရှိတာမုိ့ ဆိုင်ကို မျက်နှာလွှဲထားလို့ရတယ်ဆိုတော့ ဟောက်ရွှမ်းကနောက် cashier နောက်ဖက်က မုန့်ဖုတ်ခန်းလေးထဲမှာ မုန့်ထိုင်လုပ်နေဖြစ်သည်။

“ဟောက်ရွှမ်း မင်းက ငါ့ကိုဆိုအရမ်းငြိုငြင်တာနော် ငါ့ကိုတကယ်ချစ်တယ်ဆိုတာရောဟုတ်ရဲ့လား အားနာလို့ အဖြေပြန်ပေးထားတာလားဟင် ဒါမှမဟုတ် ငါ့ကိုရိုးသွားတာလား ငါက အရမ်းနားငြီးနေလို့လား”

∆ The Pitfall ∆ (Completed)Where stories live. Discover now