The Pitfall 6

8.6K 1.4K 116
                                    

The Pitfall 6

“ဟော အချစ်သူရဲကောင်းကြီးလာပြီပဲ … ဟေ့ ဝမ်ရိပေါ် မင်းအသည်းအသန်ကြွေနေတဲ့ကောင်လေး သေသွားပြီဆို”

အသံရဲ့လားရာကိုကြည့်ကာ တစ်စုံတစ်ယောက်ကိုမြင်လိုက်ရစဉ်မှာတော့ ဒီနေ့က ပြဿဒါးပဲဆိုတာ ကောင်းကောင်းသဘောပေါက်သွားတယ်။

ထိုအသံပိုင်ရှင်က ဝမ်ချောင်လို့ခေါ်တဲ့ ရိပေါ်တို့အတန်းထဲက ကျောင်းသား။

သိပ်မကြာသေးခင်က ကျောင်းမှာ ပြဿနာတက်ပြီး ကျောင်းတစ်လနားခံထားရတာ အခုတော့ ကျောင်းပြန်တက်ရပြီပေါ့လေ။

မနက်က ပထမဆုံးအချိန်မှာ အတန်းထဲမှာတော့ ဝမ်ချောင်ကိုမြင်လိုက်မိသလိုရှိသား။

ဒါပေမယ့် ဘယ်တုန်းကမှ သူများကိုစိတ်မဝင်စားတတ်သောရိပေါ်က တခြားသူတွေကို လိုက်ကြည့်ဖို့အာရုံမရှိ။

နောက်အချိန်မှာတော့ ဝမ်ချောင်ရှိနေသလားဆိုတာ ဆက်ပြီးသတိမထားမိတော့။

အမြဲတမ်းအတန်းလစ်တတ်သောဝမ်ချောင်က အတန်းထဲကနေ ထွက်သွားတာလဲဖြစ်နိုင်တယ်။

အခုမှ ရိပေါ်အတန်းဆင်းလို့ လေ့ကျင့်ရေးသွားခါနီးမှ အဆောင်အောက်ဆုံးထပ်မှာ ဝမ်ချောင်နဲ့လာဆုံတော့သည်။

ဝမ်ချောင်နဲ့ ရိပေါ်က ပထမနှစ်စတက်ကတည်းက တစ်ယောက်နဲ့တစ်ယောက် နည်းနည်းလေးမှ မျက်နှာကြောတည့်သူတွေမဟုတ်။

ဘယ်ကစသလဲဆိုရင် ယွဲ့ယမ် အတန်းခေါင်ဆောင်ဖြစ်ရာကစတယ်။

ဝမ်ချောင်ရော ရိပေါ်ရောက အတန်းထဲက လူဆိုးတွေဖြစ်တာချင်းတူတူ ရိပေါ်က ယွဲ့ယမ်ကိုထိရင်မခံသလောက် ဝမ်ချောင်ကတော့ ယွဲ့ယမ်ကို တစ်နည်းမဟုတ်တစ်နည်း ဒုက္ခပေးချင်တယ်။

ဝမ်ချောင်က စည်းကမ်းပျက်တယ်၊ ယွဲ့ယမ်က အတန်းခေါင်းဆောင်ဖြစ်တဲ့အလျောက် ဝမ်ချောင်ရဲ့အပြစ်တွေကို အတန်းပိုင်ဆရာမကို အသိပေးရတယ်။

အဲဒီတော့ ဝမ်ချောင်က ယွဲ့ယမ်ကို မကျေနပ်ပဲ ငြိုးတယ်။

ရိပေါ်ကလဲ ယွဲ့ယမ်ကိုထိရင်မခံတော့ ရိပေါ်တို့က ကြုံရင်ကြုံလို့အမြဲပြဿနာဖြစ်တယ်။

∆ The Pitfall ∆ (Completed)Where stories live. Discover now