The Pitfall 9

8.3K 1.2K 96
                                    


The Pitfall Ep 9

အနမ်းကိုစတင်ဦးဆောင်သူက ရိပေါ်ဖြစ်ပေမယ့်
အနမ်းကိုဆက်ပြီး ဆွဲခေါ်သွားသူက ရှောင်းကျန့်လို့ပဲ
ပြောရလေမလား။ အထိအတွေ့နူးနူးညံ့ညံ့လေးက
ရိပေါ်ကို အရာအားလုံးကို မေ့သွားစေခဲ့တယ်။

ဖြူစင်ရိုးသားသူတစ်ယောက်လို့မဆိုသာပေမယ့် ရိပေါ်က
လူတစ်ယောက်လဲ အခုလောက် နီးနီးကပ်ကပ်မနေခဲ့ဖူးဘူး။

အရိုးသားဆုံးပြောရရင် ရိပေါ်အတွက်
ဒါဟာပထမဆုံးအနမ်း။

ကိုယ့်ဘက်က စတင်ခဲ့တယ်ဆိုပေမယ့် သူငြင်းလိုက်လေမလားဆိုတဲ့ မဝံ့ရဲတဲ့စိတ်လေးလဲ ရှိနေခဲ့သေးတယ်။

ဒါပေမယ့် ရိပေါ်တို့မျှဝေခဲ့တဲ့အနမ်းဟာ နှစ်ဦးနှစ်ဖက်တုံ့ပြန်မှုတွေနဲ့ မေ့မရနိုင်စရာအနမ်းတစ်ခုဖြစ်ခဲ့တယ်
ဆိုတာ ရိပေါ် ဝန်ခံတယ်။

အနမ်းတစ်ခုကို မျှဝေပြီးတဲ့နောက် ဘာစကားမှ
ခပ်များများမဆိုတော့ပဲ ရိပေါ်နှုတ်ဆက်ပြီး
ပြန်လာတော့ ရှောင်းကျန့်ကလဲ
ကောင်းကောင်းမွန်မွန်ပဲ လက်ပြနှုတ်ဆက်ခဲ့တယ်။

ချစ်တယ်၊ သဘောကျတယ် ဘာဆိုဘာမှ
ဖွင့်ဟဝန်ခံခဲ့ခြင်းမရှိတာကြောင့် ရိပေါ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်လိုအမည်တပ်ရမယ်ဆိုတာ
ဝေခွဲမရသေးဘူး။

သူ့ဘက်က တစ်စုံတစ်ရာမေးလာခဲ့မယ်ဆိုရင်တောင်
ရိပေါ် နှုတ်ကပြန်ဖြေနိုင်ပါ့မလား။

စပက်သက်ဖို့ကြိုးစားခဲ့တဲ့အချိန်တွေတုန်းက
ရိပေါ်ရင်ထဲမှာ သူ့အတွက် အမုန်းတွေနဲ့အပြည့်ဆိုပေမယ့် အခုချိန်မှာ အရောင်ပြောင်းချင်နေတဲ့ ခံစားချက်ကို
ရိပေါ်မနည်းကို တွန်းကန်ထားရတယ်ဆိုတာကို
သူသိသွားမှာလဲ ရိပေါ် စိုးရိမ်နေရပြန်သည်။

ကျွန်တော့်ရင်ထဲမှာ ခင်ဗျားအတွက် အမုန်းတွေပဲ
ပျိုးထောင်ထားတာမို့ ပြောင်းလဲပစ်ဖို့
အမူအရာတွေနဲ့ မကြိုးစားချင်ပါနဲ့ ရှောင်းကျန့်။

ဒီဇာတ်လမ်းမှာ ကျွန်တော်က သေချာပေါက်အနိုင်ရသူ
ဖြစ်ရဖို့ ခင်ဗျားကို ချစ်တဲ့စိတ်ဖြစ်မသွားဖို့လိုတယ်။

∆ The Pitfall ∆ (Completed)Where stories live. Discover now