The Pitfall 24

7.1K 1K 76
                                    


The Pitfall 24

ရိပေါ်က ကားပေါ်မှာသတိဝင်လာတုန်း သူ့ကိုထိုးသွားတဲ့လူတစ်စုအကြောင်း ခပ်ရေးရေးပြောပြသေးတာမို့ ရှောင်းကျန့်ဦးနှောက်ထဲမှာ စွဲထင်နေအောင် မှတ်ထားရတယ်။

ထိုသူတွေဟာ ဘယ်သူတွေလဲလို့ ရှောင်းကျန့်ရအောင်စုံစမ်းရမယ်။

ရှောင်းကျန့်တို့အိမ်ပြန်ရောက်ပြီးသိပ်မကြာလိုက်ပဲ ဆရာဝန်ရောက်လာတာမို့ ရိပေါ်ဒဏ်ရာတွေကို ကြည့်ခိုင်းရတယ်။

ထင်တဲ့အတိုင်း ရိပေါ်ခေါင်းကွဲသွားတယ်။ ဒါပေမယ့် စိုးရိမ်ရလောက်တဲ့အထိတော့မဟုတ်တာကြောင့် ရှောင်းကျန့်သက်ပြင်းချမိပါရဲ့။

ခေါင်းကိုထုံဆေးထိုးပြီး ၄ ချက်ချုပ်လိုက်ရတယ်။ သတ္တိခဲရိပေါ်က မျက်နှာတစ်ချက်မပျက်ပေမယ့် ရိပေါ်ဒဏ်ရာတွေကိုမြင်ပြီး မျက်နှာအပျက်ပျက်အယွင်းယွင်းဖြစ်နေသူက ရှောင်းကျန့်ပါပဲ။

ဘယ်သူက ကိုယ့်ချစ်သူမျက်နှာတွေရော၊ တစ်ကိုယ်လုံးရော ဒဏ်ရာတွေရနေတာကို ကြည့်နေနိုင်မှာလဲ။

ဘောလုံးကွင်းထဲမှာ ဘောလုံးကန်ရင်းနဲ့ဒဏ်ရာရမှာကိုတောင်စိုးရိမ်တတ်ခဲ့တဲ့ ရှောင်းကျန့်အတွက်တော့ ရိပေါ်ကို အခုလိုမြင်ရတာ အသက်ရှင်နေရက်နဲ့ ငရဲကျနေရသလိုပါပဲ။

မကြုံဖူးတဲ့လူတွေကတော့ အပိုတွေပြောနေတာလို့ထင်ကောင်းထင်နိုင်ပေမယ့် ပူပန်နေရတဲ့ ရှောင်းကျန့်ရင်ထဲတော့ မီးလိုလောင်ကျွမ်းနေခဲ့တယ်။

ကာကွယ်ပေးချင်တယ်လို့အမြဲတမ်းပြောနေခဲ့ပြီး သူ့ကို အန္တာရာယ်တောထဲခေါ်သွင်းခဲ့တဲ့ တရားခံက ရှောင်းကျန့်ဖြစ်နေမလားတောင် မပြောတတ်တာမို့ အားတွေလဲ နာရပြန်ပါတယ်။

ဒဏ်ရာတွေကြောင့် ရိပေါ် ကိုက်ခဲနေမယ်ဆိုတာ ဆရာဝန်ကသိတာမို့ အိပ်ဆေးပါ တစ်ခါတည်းထိုးပေးလိုက်တော့ ရိပေါ်က ခဏလေးနဲ့အိပ်ပျော်သွားတယ်။

ဆရာဝန်ပေးသွားတဲ့သောက်ဆေးတွေကို သေချာသိမ်းဆည်းရင်း ဆရာဝန်ပြန်တာကို သေချာလိုက်ပို့ရတယ်။

ဆရာဝန်ပြန်သွားပြီးမှ ရှောင်းကျန့်အခန်းထဲပြန်ဝင်လာကာ ရိပေါ်ကို ပြန်လာကြည့်ရတယ်။

∆ The Pitfall ∆ (Completed)Where stories live. Discover now