The Pitfall Final

12.3K 1.2K 101
                                    


The Pitfall Final

မထင်မှတ်ပဲကြားလိုက်ရတဲ့မိခင်စကားကြောင့် ရှောင်းကျန့် ခြေလှမ်းတွေက လှုပ်မရအောင် မြေကြီးပေါ်မှာ ခိုင်တွယ်နေခဲ့တယ်။ အမေက .. ရှောင်းကျန့် ယုံကြည်ချစ်ခင်ရတဲ့အမေကလေ၊ ရှောင်းကျန့်ရည်းစားတွေကို သတ်ပစ်တဲ့ နောက်ကွယ်က ကြိုးကိုင်သူဖြစ်နေခဲ့တာလား။

အမှန်တရားတွေက သိပ်ကိုခါးတတ်ကြောင်း ရှောင်းကျန့်သဘောပေါက်သွားခဲ့ရပြီ။

ဒါပေမယ့် သူချက်ချင်းသတိဝင်လာာတက သူ ရိပေါ်ဆီ အခိန်မှီသွားရမယ်ဆိုတာပဲ။ အခုချိန်မှာ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို အမေဘာဖြစ်လို့ ဒီလိုလုပ်တာလဲလို့ မေးခွန်းထုတ်နေရမယ့်အချိန်မဟုတ်ဘူးလေ။

အခုချိန်မှာ ရိပေါ်အသက်လောက် ဘယ်အရာမှ အရေးမကြီးတော့ဘူး။

ကိုယ့်အမေစနက်ကြောင့် ရိပေါ်သေရပါလျှင် ရှောင်းကျန့်အတွက် သေရာပါဒဏ်ရာတစ်ခုလို ဖြစ်နေတော့မယ်။

ကားစတီယာရင်ကို ဆုပ်ကိုင်ထားတဲ့လက်တွေက တုန်နေတာမို့ ရှောင်းကျန့်ကားကို သတိထားမောင်းနေရသည်။ အစွမ်းတွေများရှိရင် ရှိပေါ်ဆီ မိုးပေါ်ကနေ ပျံပြေးသွားချင်လိုက်တာလေ။

နောက်ဆုံးအချိန်ထိ ကာကွယ်ပေးမယ်ဆိုတဲ့ဆန္ဒကိုတောင် ရှောင်းကျန့်ဟာ အကောင်အထည်မဖော်နိုင်ခဲ့သေး။

"နည်းပြ ကျွန်တော်တို့ချက်ချင်းဝင်သွားလို့မဖြစ်ဘူးနော်။ သူတို့ဘက်က လူအင်အားဘယ်လောက်ရှိမယ်ဆိုတာ မှန်းလို့မရဘူး"

ရှောင်းကျန့် ကားပေါ်ကဆင်းဆင်းချင်း ကြိုတင်ရောက်နှင့်နေတဲ့ ကျိရန်က အနားပြေးလာကာပြောတယ်။

ရိပေါ်ကို ဖမ်းခေါ်သွားတဲ့နေရာက မြို့ပြင်အစွန်ဘက်ကနားက ဂိုထောင်တစ်လုံးစီပဲ။ ဒါက သူတို့ရဲ့ စုရပ်နေရာလဲ ဖြစ်နိုင်တယ်။

"ဖမ်းသွားတုန်းက ဘယ်နှစ်ယောက်လဲ ကျိရန်"

"ဖမ်းသွားတာကတော့ ၄ ယောက်ပဲ။ အထဲမှာဘယ်နှစ်ယောက်ရှိမလဲ ကျွန်တော်လဲမပြောတတ်ဘူး။ ကျွန်တော့်အဖွဲ့တွေလဲ အခုလမ်းမှာလာနေပြီတဲ့။ သူတို့ကတော့ ၅ ယောက်လောက်လာမယ်။ နည်းပြရော ကျိုးချန်ကောတို့ကို ဆက်သွယ်ပြီးပြီလား"

∆ The Pitfall ∆ (Completed)Where stories live. Discover now