The Pitfall 19

8.5K 1.2K 77
                                    

The Pitfall 19

တစ်ယောက်ခံစားချက်ကို တစ်ယောက်သိအောင် ဖွင့်ဟလိုက်ပြီး ချစ်သူတွေဖြစ်သွားကြပြီဆိုတာနဲ့ အရာအားလုံး အဆင်ပြေ ချောမွေ့သွားတာမဟုတ်သေးဘူး။

အထူးသဖြင့် ရိပေါ်ရွေးချယ်လိုက်တဲ့ ချစ်သူဟာ ရှောင်းကျန့်ဖြစ်နေလို့ကို ကိစ္စတွေဟာ ထင်သလောက် ရိုးရှင်းမှာမဟုတ်ဘူး။

ရိပေါ်က စိတ်မပူပါနဲ့လို့ပြောခဲ့ပေမယ့် မနေ့က ရိပေါ် ဘလိုင်းကြီး ရန်ရှာခံရတာက သာမာန်ကိစ္စလောက်မဟုတ်ဘူးဆိုတာ ရှောင်းကျန့် မသိစိတ်ထဲမှာ အလိုလိုသိနေတယ်။

မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပေမယ့် တကယ်လို့ ရိပေါ် အဲဒီလိုကြုံရတာက ရှောင်းကျန့်နဲ့ပက်သက်နေလို့များလားဆိုတဲ့ အတွေးက ရှောင်းကျန့် ခေါင်းထဲကနေ ထွက်မသွားခဲ့ဘူး။

ရှောင်းကျန့်ဘဝထဲကို ရိပေါ်ကို ပေးဝင်လိုက်မိပြီ အဲဒီအတွက် ရိပေါ်ကို သူကာကွယ်ပေးရတော့မည်။

အရင်လူတွေလိုမျိုးတော့ ငါ့ကိုနှုတ်မဆက်ပဲ မင်းထွက်သွားဖို့ ငါခွင့်ပြုနိုင်မှာမဟုတ်ဘူး ရိပေါ်။

မင်းရဲ့အသက်ကို ကာကွယ်ပေးဖို့တော့ ငါ့အသက်နဲ့ပါ အလဲအထပ်လုပ်ပြီး ကြိုးစားသွားမှာ။

ငါကအတ္တကြီးတယ် ရိပေါ်။ ငါ့အတ္တတွေကြီးထွားနိုင်ဖို့ဆိုရင် မင်းကရှင်သန်ပေးနေဖို့လိုတယ်။

ဘာလို့လဲဆိုရင် မင်းကငါ့အတ္တမို့ပဲ။

~ကျွန်တော်ရောက်နေပါပြီ~ ဆိုတဲ့မက်ဆေ့ခ်ျတစ်စောင်ဝင်လာတော့ ရှောင်းကျန့် ကျောင်းကနေထွက်လာခဲ့လိုက်တယ်။

ဒီနေ့ လေ့ကျင့်ရေးမရှိတာမို့ ရိပေါ်နဲ့ညမှသာ တွေ့ဖို့ချိန်းထားတာမို့ ရှောင်းကျန့်ဘယ်သွားမယ်ဆိုတာ ရိပေါ်ကို အသိပေးဖို့မလိုအပ်ပါ။

ကျောင်းကနေ ခပ်သုတ်သုတ်ထွက်လာခဲ့လိုက်ကာ သက်တော်စောင့်တာဝန်ခံ ကျိုးချန်နဲ့ ချိန်းဆိုထားရတာ နေရာသို့ ထွက်လာခဲ့တယ်။

ဘေးလူတွေကိုမသိစေချင်သော အတွင်းရေးကိစ္စတွေပြောမှာမို့ ရှောင်းကျန့်က ဈေးကြီးတဲ့ကော်ဖီဆိုင်တစ်ခုရဲ့ private room မှာ ကျိုးချန်ကို ချိန်းဆိုခဲ့တယ်။

∆ The Pitfall ∆ (Completed)Where stories live. Discover now