The Pitfall 3

10.1K 1.3K 20
                                    

The Pitfall 3

မြူနှင်းငွေ့တွေအပြည့်နဲ့ ရိပေါ်မျက်စိရှေ့က မြင်ကွင်းက လူတစ်ယောက်ကိုတောင် ကောင်းကောင်းမြင်နိုင်တဲ့အနေအထားမရှိပါ။

အရှေ့မှာ လူတစ်ယောက်ရှိနေတာလား၊ ဒါမှမဟုတ် သူတစ်ယောက်တည်းလား၊ ရိပေါ် သဲသဲကွဲကွဲမမြင်ရ။

စမ်းတဝါးဝါးနဲ့ အရှေ့ကိုခပ်ဖြည်းဖြည်းရိပေါ်ဆက်လျှောက်နေမိတယ်။

နောက်ပြန်လှည့်ကြည့်လဲ ပြန်လမ်းမမြင်ရသလို .. ဘာတွေပဲကြုံကြုံ နောက်ပြန်မလှည့်ဖို့ကို ယွဲ့ယမ်က သေချာပြောခဲ့ဖူးသည်။

ကျောပြင်တစ်ခုနဲ့ တဖြည်းဖြည်းနီးကပ်လာချိန်တွင် ထိုသူဝတ်ထားတဲ့အကျီနောက်ကျောဘက်က စတစ်ကာကြောင့် ဘယ်သူဆိုတာ ရိပေါ် သိလိုက်ပြီ။

ဒီအကျီလေးက ယွဲ့ယမ်ကို သူဝယ်ပေးထားတဲ့အကျီ၊ ဒါဆို ဒီကျောပြင်က ယွဲ့ယမ်ကျောပြင်ပေါ့။

"ယွဲ့ယမ်"

ရိပေါ်ခေါ်သံကြောင့် ယွဲ့ယမ်က လှည့်ကြည့်သည်။

မျက်နှာပေါ်က အပြုံးက ခပ်ရေးရေးနဲ့ မပီမပြင်။

မှိုင်းညို့နေတဲ့ မျက်ဝန်းတွေက နာကျင်မှုကိုဖော်ပြနေသလို။

"ရိပေါ် .. ငါသွားရတော့မယ်"

"ဟင့်အင်း .. ယွဲ့ယမ် မင်းမသွားရဘူး ယွဲ့ယမ် ကျေးဇူးပြုပြီး ငါ့ကိုမထားခဲ့ပါနဲ့"

ယွဲ့ယမ်လက်တစ်ဖက်ကို ဖမ်းဆွဲဖို့ကြိုးစားပေမယ့် ယွဲ့ယမ်ကိုသူထိလို့မရ။ လက်တွေကိုဘယ်ပြန်ညာပြန်ဝှေ့ယမ်းကာ သူကြိုးစားခဲ့ပေမယ့် ယွဲ့ယမ်လက်တွေကို မဖမ်းဆုပ်မိ။

"ကောင်းကောင်းရှင်သန်နေရမယ်နော် ရိပေါ်"

"ယွဲ့ယမ် မလုပ်နဲဆို .. ယွဲ့ယမ်"

"နှုတ်ဆက်ပါတယ် ရိပေါ်"

ရုတ်တရက်မြင်ကွင်းထဲမှပျောက်သွားတဲ့ ယွဲ့ယမ်နောက်ကို ရိပေါ်ပြေးလိုက်သွားပေမယ့် မတွေ့တော့ဘူး။

ဘယ်လောက်ပဲပြေးပြေး အရှေ့မှာ ယွဲ့ယမ်မရှိတော့ဘူး။

အနောက်ကိုပြန်ကြည့်လိုက်တော့လဲ မှောင်ပိတ်နေတဲ့ မြူတွေကိုသာတွေ့ရသည်။

∆ The Pitfall ∆ (Completed)Where stories live. Discover now