The Pitfall 28

6.9K 1K 80
                                    


The Pitfall 28

နှစ်ယောက်ကြားမှာ ရင်ဆိုင်ရမယ့်အခက်အခဲတွေအများကြီးရှိတယ်ဆိုတာ သိပေမယ့် အတူတူရင်ဆိုင်သွားမှာလို့ ရိပေါ် ယုံကြည်ထားခဲ့ပေမယ့် ရှောင်းကျန့်က ရုတ်တရက်ဆန်စွာနဲ့ လမ်းခွဲရအောင်လို့ပြောတဲ့အခါ ရိပေါ် မယုံနိုင်ပဲဖြစ်ခဲ့မိတယ်။

“ဟင့်အင်း မောင့်ကို မနောက်ပါနဲ့ မောင် အဲဒါမျိုးကို ခံနိုင်ရည်မရှိမှန်းသိရက်နဲ့”

“ကိုယ်နောက်နေတာမဟုတ်ဘူး။ ကိုယ်အတည်ပြောနေတာ ကိုယ်တို့နှစ်ယောက်က ဘယ်လိုမှမဖြစ်နိုင်ပါဘူး”

ရှောင်းကျန့်လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ရိပေါ် တောင်းပန်နေပေမယ့် ရှောင်းကျန့်ကတော့ သူ့လက်တွေကို ခပ်ဖြည်းဖြည်းဆွဲဖြုတ်တယ်။

“ကော .. အဖေက ဘာပြောလိုက်လို့လဲ မောင့်ကိုပြော၊ မောင်နဲ့အတူတူ ရင်ဆိုင်ဖြေရှင်းမယ်လေ။ ကျန့်ကောအဖေကို မောင်တို့သွားတောင်းပန်မယ်လေ။ အဲဒီလိုဆိုမရဘူးလား။ တကယ် မောင့်ကိုအဲလိုမနောက်ပါနဲ့ မောင် သေလိမ့်မယ်”

“ဘာမှသွားတွေ့စရာမလိုဘူး ရိပေါ်၊ ကိုယ့်အဖေကြောင့်မဟုတ်ဘူး မင်းကို ဆက်မချစ်ချင်တော့လို့”

“ကော .. ကျန့်ကော ခုနကလေးတင် မောင်တို့ အရမ်းတွေချစ်ခဲ့ကြတာလေ၊ အခုမှာ ဘာလို့စိတ်ပြောင်းသွားတာလဲ”

“အဲဒါက မင်းနဲ့ လမ်းမခွဲခင် မင်းအတွက် အမှတ်တရဖြစ်အောင် ကိုယ့်ဘက်က ပေးဆပ်တဲ့သဘောပါပဲ”

မျက်နှာကိုလွှဲကာပြောလာတဲ့ ရှောင်းကျန့်ကို မျက်နှာချင်းဆိုင်အောင်တောင် ရိပေါ် သွားမကြည့်ရဲဘူး။

သူအရူးလိုပဲ ငိုနေမိတာ၊ သူ့ကို သူစိမ်းတွေလို အကြည့်မျိုးနဲ့ ရှောင်းကျန့်ကြည့်မှာကို ရိပေါ် တကယ်ပဲ ရင်မဆိုင်ရဲဘူး။

နှစ်ယောက်တွဲမှမြဲမယ့်လက်တွေမို့

တစ်ယောက်တည်းအားနဲ့ ဘယ်လိုဆွဲရပါ့မလဲ။

စွယ်တော်ရွက်တွေတောင် နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တယ်။

∆ The Pitfall ∆ (Completed)Where stories live. Discover now