The Pitfall 16

8.1K 1.1K 40
                                    

The Pitfall 16

"မင်းစိတ်ညစ်တုန်းက ကိုယ် မင်းအနားမှာရှိပေးတယ်နော်
ကိုယ်စိတ်ညစ်နေတုန်း မင်းကိုယ့်အနားမှာရှိပေးမဟုတ်လား"

အဝေးပြေးလမ်းမကနေ အိမ်အပြန်လမ်းမှာ ရှောင်းကျန့်ကအော်ပြီး မေးလာခဲ့သည်။

ဒါက ရိပေါ်ကို သူ့အိမ်မှာလိုက်အိပ်စေချင်တဲ့သဘောပေါ့။

ရိပေါ်က ဘာလို့ငြင်းစရာရှိမှာလဲ။

တုံ့ပြန်စကားမဆိုပဲ ဆိုင်ကယ်လ်ကို အရှိန်တင်ပြီး သူ့အိမ်ကို ဦးတည်လိုက်တယ်။

သူစိမ်းအိမ်ဆို ဟောက်ရွှမ်းအိမ်မှာတောင် နေသားမကျသလို ခံစားရတတ်တဲ့ ရိပေါ်က ရှောင်းကျန့်အိမ်မှာဆို စိတ်လွတ်လက်လွတ်ရှိတယ်လို့ ခံစားရတယ်။

ရှောင်းကျန့်ထုတ်ပေးတဲ့ အိမ်နေရင်းအဝတ်အစားက ရိပေါ်နဲ့ အနည်းငယ် ကြီးနေပေမယ့် သက်တောင့်သက်သာရှိတာပဲမို့ အဆင်ပြေတယ်၊ အရင်တစ်ပတ်ကလဲ ဒီလိုပဲလေ။

"မအိပ်ခင်သွားတိုက်အိပ်တတ်လား ရိပေါ် ကိုယ့်အိမ်မှာ သွားတိုက်တံအပိုမရှိလို့ ဟိုတစ်ပတ်က ရိပေါ်လာတုန်းက ပေးတိုက်တဲ့ တစ်ခါသုံး သွားတိုက်တံက လွှင့်ပစ်လိုက်မိပြီ"

ရှောင်းကျန့်က မျက်နှာသစ် သွားတိုက်ဖို့ ရေချိုးခန်းထဲဝင်သွားပြီးကာမှ တံခါးပြန်ဖွင့်ပြီး ထွက်လာကာ မေးပြန်တယ်။

"ရပါတယ်ဗျာ မနက်နိုးတော့မှ ကျွန်တော် ဒီနားက mart မှာသွားဝယ်လိုက်ပါ့မယ် ညမတိုက်ရတာက ရတယ်"

"ညစ်ပတ်လိုက်တာ သွားမတိုက်ထားရင် လာနမ်းဖို့ မစဉ်းစားနဲ့နော် ကိုယ်ကသွားတိုက်ထားတဲ့ကောင်လေးတွေပဲ နမ်းချင်တာ"

"ပေးနမ်းမှ နမ်းရမယ်လို့ ဘယ်သူကပြောတာလဲ"

ရေချိုးခန်းထဲပြန်ဝင်တော့မယ့် ရှောင်းကျန့်လက်ကို ဆွဲကာ တံခါးဘေးက နံရံမှာ ကျောကိုကပ်စေရင်း မေးလိုက်တယ်။

ထိုသို့လုပ်လို့ ရှောင်းကျန့်က နည်းနည်းမှ အမူရာပျက်မယ်မထင်ပါနဲ့။

မျက်လုံးတွေကို တမင်မှေးစင်းအောင် ပြုလုပ်ပြီး ရိပေါ်နှုတ်ခမ်းတွေကိုစိုက်ကြည့်ကာ တစ်ခွန်းတည်းဖြေလာတာ ...

∆ The Pitfall ∆ (Completed)Where stories live. Discover now