The Pitfall 8

8.6K 1.2K 144
                                    


The Pitfall Ep 8

ရိပေါ်ဟောက်ရွှမ်းတို့ကျိရန်တို့နဲ့အတူကျောင်းကန်တင်းမှာနေလည်စာစားနေတုန်းကန်တင်းထဲကို ရှောင်းကျန့်ဝင်လာတယတွေ့လိုက်ရတယ်။

ရှောင်းကျန့်ကသူရောက်လာပီဆိုရင်ကန်တင်းတစ်ခုလုံးတိတ်ဆိတ်သွားအောင်စွမ်းဆောင်နိုင်စွမ်းရှိတယ်။

စကားပြောသံတွေနဲ့ဆူညံနေတဲ့ကန်တင်းတခုလုံးတနေရာတည်းကိုစူးစိုက်ပီးတော့အာရုံရောက်သွားတဲ့အခါရိပေါ်လည်းဘာရယ်မဟုပ်ဘဲအဲ့ဒီနေရာကိုလိုက်ကြည့်မိတော့ရှောင်းကျန့်ကိုတွေ့လိုက်ရတာဘဲ။

ရှောင်းကျန့်ကဒီကန်တင်းကိုဘာလာလုပ်တာပါလဲ။

တကယ်ဆို ရိပေါ်တို့ထိုင်နေတဲ့ကန်တင်းကို  ရှောင်းကျန့်ရောက်လာစရာအကြောင်းမရှိဘူး။

ရှောင်းကျန့်တို့လိုနည်းပြဆရာတွေနဲ့ ကျောင်းဆရာ၊ဆရာမတွေ အတွက်က ကျောင်းသားရေးရာအဆောင်မှာ ကန်တင်းအသေးစားလေးတခုရှိတယ်။

အဲ့ဒီမှာရှောင်းကျန့်တို့လိုဆရာတွေက နေ့တိုင်း အလကားစားလို့ ရနေရက်သားနဲ့ ဘာဖြစ်လို့ဒီကန်တင်းကိုရှောင်းကျန့်ရောက်လာရသလဲဆိုတာရိပေါ်မသိဘူး။

ဒါပေမယ့် အနားကဖြတ်သွားတဲ့ရှောင်းကျန်းကိုရိပေါ်က
မခေါ်ဘဲလည်းမနေနိုင်ဘူး။

"နည်းပြ"

ဘေးမှာသူငယ်ချင်းတွေရှိတာမို့နည်းပြလို့ခေါ်လိုက်တာကို
ရှောင်းကျန့်ကလည်းအထာနပ်ပုံရကာ ပြုံးပြပြီး ရိပေါ်ကိုကြည့်လာတယ်။

"အော် ရိပေါ်တို့ ကျိရန်တို့ ထမင်းစားနေတာလား"

"ဟုတ်တယ်နည်းပြ ကျွန်တော်တို့နဲ့ထိုင်ပါလား"

ရှောင်းကျန့်အမေးကို ကျိရန်ကဝင်ဖြေလိုက်ကာ ဝိုင်းမှာထိုင်ဖို့ပါ ဖိတ်ခေါ်လိုက်တာမို့
ရှောင်းကျန့်လည်းတခြားဝိုင်းကိုမသွားတော့ဘဲရိပေါ်တို့ဝိုင်းမှာဝင်ထိုင်လာတယ်။

"နည်းပြတို့ဆီမှာကန်တင်းရှိတယ်မဟုပ်လား ဘယ်လိုဖြစ်ပြီး ဒီကန်တင်းကိုရောက်လာတာလဲ"

∆ The Pitfall ∆ (Completed)Where stories live. Discover now