The Pitfall 14

8K 1.2K 95
                                    

The Pitfall 14

“ကျန့်ကော ဒီနေ့ညစာအတူတူစားကြမလား”

စားပွဲပေါ်တင်ထားတဲ့ ဖုန်းလေးမီးလင်းလာလို့ ယူကြည့်လိုက်တော့ ရိပေါ်ဆီက မက်ဆေ့ခ်ျတစ်စောင်။

ရိပေါ်ဘက်မှအမေးစကားကြောင့် ရှောင်းကျန့်မျက်နှာလေး ပြုံးသွားခဲ့ပေမယ့် တာရှည်မခံလိုက်။

ရိပေါ်နဲ့တူ ညစာစားချင်ပေမယ့် ဒီနေ့ညတော့ မဖြစ်နိုင်၊ ရှောင်းကျန့် အဖေနဲ့ သွားတွေ့ရမည်။

အဲဒါကြောင့် ဒီညတော့ မအားဘူးလို့သာ စာပြန်ပို့လိုက်ရတယ်။

သူ့ပြန်စာတွေ့ရင် ရိပေါ်တစ်ယောက် စိတ်ကောက်နေမလားလို့တွေးလိုက်မိပေမယ့် မဖြစ်နိုင်တာကြီးမို့ ခေါင်းကို အသာယမ်းလိုက်မိတယ်။

ရိပေါ်လား ဒီလိုမျိုး စိတ်ကောက်တတ်မှာ၊ ရိပေါ်က အသက်သာငယ်ပေမယ့် အစစအရာရာမှာ ဦးဆောင်မှုပြုချင်တဲ့ ကောင်လေးတစ်ယောက်ဆိုတာ ရှောင်းကျန့်အစောကတည်းက သတိထားမိနေတာပဲ။

ညစာအတူမစားနိုင်ဘူးလို့ပြောရုံလောက်နဲ့တော့ ရိပေါ်က စိတ်ကောက်တတ်မယ့်ကောင်လေးမဟုတ်။

ပြီးတော့ ရှောင်းကျန့်တို့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် ကျိန်းသေပေါက် အတူညစာစားရမယ်ဆိုတဲ့ ပက်သက်မှုမရှိသေးဘူးလေ၊ အနမ်းတွေ စိတ်တူကိုယ်တူမျှဝေပြီးတာတောင်မှပေါ့။

အခြေအနေတွေက ရှေ့တစ်ဆင့်ထပ်တက်လိုက်ဖို့ လွယ်ကူနေပြီလို့ ပြောလို့ရတဲ့အနေအထားဆိုပေမယ့် ရှောင်းကျန့်ရော ရိပေါ်ရော ဘယ်သူမှ ရှေ့မတိုးမိ။

အမြဲတမ်း upper hand မှာပဲနေပြီး relationship တွေကို ပဲ့ကိုင်ခဲ့တဲ့ ရှောင်းကျန့်က ဒီတစ်ခါတော့ ရိပေါ်စိတ်ကို ဦးစားပေးဖို့စဉ်းစားခဲ့တယ်။

ရိပေါ်ဘက်က အဆင်သင့်ဖြစ်မှသာ ရိပေါ်ဘက်က ဆန္ဒရှိလို့ ထုတ်ပြောလာမှသာ ရှောင်းကျန့်ဘက်က လိုက်လျောဖို့ပဲ တွေးထားတယ်။

ဒီအကြောင်းကို အရင်လူတွေကြားရင် ရှောင်းကျန့်ကို ကောင်းကောင်းဟားတိုက်နေမှာအမှန်။

တစ်ချိန်တစ်ခါက ရှောင်းကျန့်ဆိုတာ ဘယ်အချိန်မှာ ဘယ်သူက ဘယ်လိုပြုမူလိုက်ရင် ဘယ်လိုတုံ့ပြန်လိုက်မယ်ဆိုတာ အဆင်သင့်ဖြစ်နေပြီးသား လူတစ်ယောက်၊ ရိပေါ်နဲ့ကျတော့ မတူဘူး။

∆ The Pitfall ∆ (Completed)Where stories live. Discover now