The Pitfall 29

7.4K 1K 157
                                    


The Pitfall 29

အပြင်ဘက်က အုံ့မှိုင်းနေတဲ့ရာသီဥတုက ရိပေါ်စိတ်ကို ပိုပြီးညှိုးနွမ်းစေတယ်။ တစ်ယောက်တည်းအမှောင်ထဲမှာ ရ်ိပေါ်နေနေတာ အရမ်းကြာခဲ့ပြီပဲ။

အသက်ဆက်ရှင်ရတာ အဓိပ္ပါယ်မရှိတော့ဘူးရယ်လို့ ခံစားရလို့ ရိပေါ်တစ်ယောက်တည်း အပြင်မထွက် အစားမစားပဲအိမ်တွင်းအောင်းနေခဲ့တာ ၃ ရက်မြောက်တဲ့နေ့။

ဖုန်းတွေလဲပိတ်ထားကာ တလောကလုံးနဲ့အဆက်အသွယ်ဖြတ်ပြီးနေပစ်ခဲ့မိတယ်။

တကယ်လို့ ဖုန်းမပိတ်ထားမိဘူးဆိုရင် သူရှောင်းကျန့်ရဲ့ ဖုန်းကိုမျှော်နေမိလိမ့်မယ်၊ ဒါမှမဟုတ် ရှောင်းကျန့်ဆီကို သူ့ဘက်ကစပြီး ဖုန်းဆက်ဖြစ်ရင် ဆက်ဖြစ်လိမ့်မယ်။ သူ ရှောင်းကျန့်ကို သိပ်လွမ်းတယ်။ ဒါပေမယ့် ရှောင်းကျန့် ကိုယ်တိုင်က သူ့ကိုမချစ်တော့ပါဘူးဆိုရင် သူရှောင်းကျန့်နားမှာ ဆက်ရှိဖို့ လုံးဝကြိုးစားမှာမဟုတ်ဘူး။

သူနဲ့ရှောင်းကျန့်ရဲ့ဆက်ဆံရေးမှာ သူ့ဘက်က ရယူခဲ့တာတွေများခဲ့တယ်ဆိုပေမယ့် တကယ်ကတော့ သူလည်း ပေးဆပ်ချင်ခဲ့တာပဲ၊ အထူးသဖြင့် ရှောင်းကျန့်ပျော်ဖို့အတွက်ဆိုရင်ပေါ့။

ရှောင်းကျန့်ကိုချစ်မိပြီးတဲ့နောက်ပိုင်း ရိပေါ်ဟာ ရိပေါ်မဟုတ်တော့သလို ပြောင်းလဲသွားတယ်။

ကိုယ့်အတွက်ကိုယ်ပဲကြည့်တတ်တဲ့ ရိပေါ်က ရှောင်းကျန့်စိတ်နဲ့ရှင်သန်တဲ့လူတစ်ယောက်အသွင်ပြောင်းသွားတယ်။

ရိပေါ်အတွက် တစ်စုံတစ်ယောက်ကိုယုံကြည်ပြီးချစ်ဖို့ရာ မလွယ်ကူလှဘူး။ သူအရမ်းမုန်းပါတယ်လို့ လက်ခံထားတဲ့ ရှောင်းကျန့်ကို ချစ်ဖို့ရာ ပိုပြီးမလွယ်ကူခဲ့ဘူး။ ဒါပေမယ့် ချစ်မိသွားတဲ့အချိန်မှာတော့ ရိပေါ်မျှော်လင့်သမျှဟာ ရှောင်းကျန့် အဆင်ပြေပျော်ရွှင်စေဖို့ပဲ ရှေးရှုပါတယ်။

~~ကျွန်တော်ကဘာမှမရှိတဲ့ကောင်ပါ။ ခင်ဗျားက ရှင်သန်ရတာပင်ပန်းတယ်လို့ပြောရင် မပင်ပန်းအောင် လုပ်ပေးနိုင်စွမ်းရှိပါ့မလားမသိဘူး။ ဒါပေမယ့် ခင်ဗျားကမနေလိုတော့ဘူးဆို အတူတူလိုက်သေပေးဖို့ဝန်မလေးတဲ့သူပဲ။~~

∆ The Pitfall ∆ (Completed)Where stories live. Discover now