The Pitfall 27

7.5K 1K 84
                                    


The Pitfall 27

သူအဆင်ပြေပါတယ်လို့ အပြုံးတစ်ပွင့်နဲ့ပြောသွားတဲ့ချစ်သူကို ကျောင်းဆင်းချိန်ထိ ရိပေါ်ရှာမတွေ့တာမို့ တစ်ဖန်ပြန်ပြီး စိတ်ပူစပြုပြန်တယ်။

ရှောင်းကျန့်က သူ့ကိုကာကွယ်ပေးချင်နေသလို သူကလဲ ရှောင်းကျန့်ကို အထိအခိုက်မရှိအောင် ကာကွယ်ပေးချင်ပြန်တော့ သူတို့နှစ်ယောက်အကြောင်းကို စဉ်းစားမိပြီး ရိပေါ် သဘောလဲကျမိပြန်တယ်။

ရိပေါ်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နည်းနည်းလေးမှ အထိခိုက်မခံနိုင်အောင် ချစ်နေမိကြတာပဲ။

ရိပေါ်ကြောင့် ရှောင်းကျန့် အမြဲပျော်နေမှာလို့ ရိပေါ် အာမမခံနိုင်ပေမယ့် ဝမ်းနည်းရတဲ့အခါ ဘေးနားမှာရှိနေပေးနိုင်မှာတော့ အသေအချာပဲဆိုတာ ရိပေါ် သူ့ကိုယ်သူသိတယ်။

ချစ်ခြင်းတရားက သေချာပေါက်ပျော်ရွှင်အောင် ထားပေးပါ့မယ်ဆိုတဲ့ ကတိကဝှက်မဟုတ်ဘူးလေ။

အချစ်ကြောင့် ငိုရတယ်ဆိုတာ ကျိန်းသေရှိလာနိုင်တာပဲ။

အရေးကြီးတာက အချစ်ကြောင့် ငိုရတဲ့အခါ မျက်ရည်သုတ်ပေးတဲ့လက်တစ်စုံဖြစ်နေပေးဖို့ပဲလိုတာပါ။

ရိပေါ်ကတော့ အဲဒီလိုခံယူထားတယ်။ အဲဒါကြောင့် ဘာတွေပဲဖြစ်လာလာ ရှောင်းကျန့်ဘေးမှာရှိနေပေးချင်တယ်။

ဟောက်ရွှမ်းကလဲ နေ့လည်အတန်းကိုလာမတက်ပဲ အခန်းထဲကနေပျောက်နေတယ်။

ဒါပေမယ့် ဟောက်ရွှမ်းပျောက်နေပြီဆိုရင် ကျိရန်နဲ့အတူတူ ရှိနေမှာပဲလို့ တွေးမိတော့ ဟောက်ရွှမ်းကိုတော့ စိတ်မပူတော့ဘူး။

ရှောင်းကျန့်ကိုပဲ ဖုန်းနောက်တစ်ခါ ထပ်ဆက်ရပြန်တယ်။ ဖုန်းမကိုင်ဘူး။

ဖုန်းမကိုင်တာကအကြောင်းမဟုတ်ပေမယ့် ရှောင်းကျန့်ကားရပ်ထားတတ်တဲ့နေရာမှာ ကားကိုသွားရှာတော့လဲ ရိပေါ်မတွေ့ပြန်ဘူး။

ကားမရှိရင် ရိပေါ်ကဘယ်လိုပြန်ရပါ့မလဲ။ ရိပေါ်ရဲ့ဆိုင်ကယ်လ်ကို ရိပေါ်ရဲ့ကွန်ဒိုက ကားပါကင်မှာပဲ ပြန်ထားလိုက်တာ ရှောင်းကျန့်ကိုယ်တိုင်ပါပဲ။

∆ The Pitfall ∆ (Completed)Where stories live. Discover now