The Pitfall 17

8.1K 1.1K 41
                                    

The Pitfall 17

တိုက်ဆိုင်မှုတွေက ဇာတ်လမ်းတွေထဲမှာပဲရှိတာမဟုတ်ဘူးဆိုတာ ရိပေါ် လက်တွေ့သိလိုက်ရတဲ့နေ့။

ဟောက်ရွှမ်းက ဂျပန်စာသွားစားရအောင်လို့ခေါ်တာကို ရိပေါ်ငြင်းလိုက်မိရင် ရင်နာစရာကောင်းတဲ့မြင်ကွင်းကို ရိပေါ် မြင်ချင်မှ မြင်လိုက်ရမှာ။

အခုတော့ အသည်းကို အက်ဆစ်နဲ့ပက်သလို မြင်ကွင်းမှာကိုယ့်မျက်စိရှေ့မှာ မျက်ဝါးထင်ထင်။

ယောကျာ်းတွေကိုပဲကြိုက်တဲ့ ဂေးပါလို့ပြောထားတဲ့ ရှောင်းကျန့်က ကိုယ့်မျက်စိရှေ့မှာ သိပ်ကိုလှပတဲ့ မိန်းကလေးတစ်ယောက်နဲ့ ရယ်မောနေတဲ့ မြင်ကွင်း။

အလိုက်မသိတဲ့ ဟောက်ရွှမ်းက ဟေ့ကောင် ဟိုမှာမင်းနည်းပြမဟုတ်လားလို့တောင် တံတောင်နဲ့ တွတ်ပြီး အတည်ပြုပေးနေသေးတယ်။

မိန်းကလေးတွေမကြိုက်ပါဘူးဆိုတာ ရှောင်းကျန့်ရဲ့လှည့်ကွက်တစ်ခုပဲလို့ ရိပေါ် တွေးမိသွားခဲ့ပြီ။

မျက်စိမှိတ်ပြီး ယုံကြည်လိုက်ပါတော့မယ်ဆိုတဲ့အချိန်ကျမှလား ရှောင်းကျန့်ရယ်။

ဒီလိုမြင်ကွင်းမျိုး ခပ်စောစောမြင်တွေ့ခဲ့ရင် ခင်ဗျားကို ယုံကြည်စိတ်တွေ လွန်ကွဲမိခဲ့မှာမဟုတ်ဘူးထင်တယ်။

ရှောင်းကျန့်ဟာ သူ့ကိုယ်သူဂေးပါလို့ သေချာပေါက်ပြောခဲ့တာသိပေမယ့် မိန်းကလေးတစ်ယောက်နဲ့လည်း ယှဉ်တွဲကာ ရယ်မောပျော်ရွှင်နေခဲ့ပြီ။

လူတစ်ယောက်ဟာ တစ်ချိန်တည်းမှာ ယောကျာ်းတစ်ယောက်ကိုရော၊ မိန်းမတစ်ယောက်ကိုရော နှစ်သက်နေနိုင်သလား၊ ဒီလူဟာ bisexual တစ်ယောက်ဆိုရင်တော့ သေချာပေါက် ဖြစ်နိုင်တာပဲ။

ဒါဆိုရှောင်းကျန့်ကရော ဂေးလား၊ bi လား?

အဲဒီမေးခွန်းကို ရှောင်းကျန့်ကို ဂုတ်ကနေ သွားဆွဲမပြီး အခုချိန်မှာ မေးလိုက်သင့်လား။

အဲဒီလိုမေးရအောင်ရော သူနဲ့ရှောင်းကျန့်က ဘယ်လိုအနေအထားလဲ။

သူကိုယ်တိုင်ရှေ့ဆက်မတိုးခဲ့တဲ့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ ဘာရယ်လို့ အမည်တပ်ခွင့် မရှိသေးတဲ့အခြေအနေလေ။

∆ The Pitfall ∆ (Completed)Where stories live. Discover now